တံကောက်ကြောဒဏ်ရာကြောင့် အန်ဒီကာရိုးလ် ၆ ပတ်အနားယူရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘုန်းမောက်နှင့်ပွဲတွင် ဒဏ်ရာရရှိပြီး ကုသမှုခံယူနေသည့် ကာရိုးလ်

ဝက်စ်ဟမ်းတိုက်စစ်မှူးအန်ဒီကာရိုးလ်မှာ ဘုန်းမောက်နှင့်ယှဉ်ပြိုင်ခဲ့သောပွဲစဉ်တွင် ရရှိခဲ့သည့်တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်အနားယူရမည်ဖြစ်ကြောင်းသိရသည်။

အသက် ၂၇ နှစ်ရှိအဆိုပါတိုက်စစ်မှူးမှာ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီးနောက် ပွဲထွက်ခွင့်ရရှိ၍ ကြံ့ခိုင်မှုပြည့်ဝလာသည့်အချိန်တွင် ယခုကဲ့သို့ ဒဏ်ရာပြဿနာနှင့်ထပ်မံကြုံတွေ့မှုနှင့်ပတ်သက်၍ နည်းပြဘီလစ်က ”သူပြန်ကောင်းမှာပါ။ ဒါပေမဲ့ သူရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ထိတ်လန့်နေပါလိမ့်မယ်။ သူပြန်ကစားနိုင်တဲ့အချိန်မှာပျော်ရွှင်စရာတွေကြုံမှာပါ။ အခုဖြစ်ရပ်ကကမ္ဘာပျက်တဲ့နေ့တော့မဟုတ်ပါဘူး။  တကယ်လို့များ စောစောစီးစီးဒဏ်ရာပြန်ကောင်းမယ်ဆိုရင်တော့ အဆိုးတွေဖြစ်စရာအကြောင်းမရှိပါဘူး” ဟု ပြောကြားခဲ့သည်။

ကာရိုးလ်မှာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ တံကောက်ကြောဒဏ်ရာကြောင့် တစ်လကြာအနားယူခဲ့ရပြီး၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဒူးဒဏ်ရာ ၂ ကြိမ်ကြောင့် ၂ လကြားလွဲချော်ခဲ့ကာ၊ ၂၀၁၃ ခုနှစ်၊ မေလတွင် ဖနောင့်ဒဏ်ရာကြောင့် ၇ လ၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်တွင် ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၄ လ၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ၇ လနှင့် ယခုဒဏ်ရာကြောင့် ၆ ပတ်ကြာ ထပ်မံအနားယူရမည်ဖြစ်သည်။

comments

error: Content is protected !!