သရေ ၁ မှတ်သာရခဲ့သဖြင့် အာစင်ဝင်းဂါး အမျက်ထွက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးနှင့်ပွဲတွင်တွေ့ရသည့် အာစင်ဝင်းဂါး

လီဗာပူးအိမ်ကွင်းအန်ဖီးလ်တွင် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ၌ အာဆင်နယ်အသင်းမှာ တိုက်စစ်မှူးဂျိုးအလန်၏ မိနစ် ၉၀ သွင်းဂိုးကြောင့် အနိုင် ၃ မှတ်ရရှိမည့်အခွင့်အရေးလက်လွှတ်ခဲ့ရပြီး သရေ ၁ မှတ်သာ ပိုင်ဆိုင်ခဲ့ခြင်းကြောင့် နည်းပြအာစင်ဝင်းဂါးက စိတ်ပျက်စရာကောင်းကြောင်းနှင့် အခွင့်အရေးတစ်ရပ်ဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် လီဗာပူးဘက်မှ ဖာမီနို၏သွင်းဂိုးများဖြင့် စတင်ဦးဆောင်ခဲ့ပြီး ရမ်ဆေး၊ ဂီရော့ဒ်တို့က အာဆင်နယ်အတွက် ချေပဂိုးများပြန်လည်ရယူပေးခဲ့ကာ ပွဲချိန် ၅၅ မိနစ်တွင် ဂီရော့ဒ်မှ အာဆင်နယ်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။

သို့သော် ပွဲချိန် ၈၂ မိနစ်၌ လီဗာပူးကွင်းလယ်လူအမ်မရီကန်နေရာတွင် လူစားဝင်ခဲ့သော ဂျိုးအလန်က မိနစ် ၉၀ တွင် ချေပဂိုးပြန်လည်ရယူပေးခဲ့သဖြင့် အာဆင်နယ်မှာ အနိုင် ၃ မှတ်ဆုံးရှုံးခဲ့ရသည့်အတွက် နည်းပြအာစင်ဝင်းဂါးက အမျက်ထွက်ခဲ့ခြင်းဖြစ်သည်။

ယခုပွဲနှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ကစားပုံကိုစိတ်မပျက်ပေမယ့် ရလဒ်ကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ရမှတ်ပြည့်ပိုင်ဆိုင်ဖို့အခွင့်အရေးရခဲ့သလို ၄-၂ ဂိုးလောက်နဲ့ နိုင်ခြေရှိတဲ့အနေအထားမှာ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေကြောင့် စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!