လိဂ်​ ၂ ယှဉ်​ပြိုင်​ခွင့်​ရခဲ့သည့်​ မဟာယူနိုက်တက် နိုင်ဂျီးရီးယားကစားသမား ၃ ဦး​ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လိဂ် ၂ အသင်းသစ် မဟာယူနိုက်တက်

အောင်​​သော်​ဖြိုး။
ဇန်​နဝါရီ ၁၃။

မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခွင့်​ရခဲ့သည့်​ မဟာယူနိုက်​တက်​သည်​ ​​အောင်​မြင်​မှုရရှိ​ရေးအတွက်​ ​​​​နိုင်​ဂျီးရီးယားကစားသမား ၃ ဦးကို ရာသီဝက်​သက်တမ်းစာချုပ်​ဖြင့်​ ​ခေါ်ယူခဲ့​ကြောင်း အသင်းနည်းပြချုပ်​ ဦးေ​ဇာ်​လင်းထွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်​ငံခြားသား ၃ ဦးမှာ ​ရှေ့၊ လယ်​၊ ​နောက်​နေရာများအတွက်​ ​ခေါ်ယူထားခြင်းဖြစ်​ပြီး ရာသီဝက်​စမ်းသပ်​အသုံးပြုမည်​ဟု ​​၎င်းက ဆိုသည်​။

မဟာယူနိုက်​တက်​သည်​ ​ခြေစစ်​ပွဲတွင်​ United of Thanlyin ကိုသာ သ​ရေကျခဲ့ပြီး ကျန်​ပွဲစဉ်​များအနိုင်​ရကာ အုပ်​စုပထမ​နေရာမှ လိဂ်​ ၂ သို့ တက်​​ရောက်​လာသည့်​ အသင်းဖြစ်​သည်​။

မဟာယူနိုက်​တက်​သည်​ လိဂ်​ ၂ အဖွင့်​ပွဲစဉ်​အဖြစ်​ United of Thanlyin နှင့်​ ​​ဇန်​နဝါရီ ၁၇ ရက်​၊ ည​နေ ၃း၃၀ တွင်​ ပဒုမ္မာကွင်း၌ ယှဉ်​ပြိုင်​မည်​ဖြစ်​သည်​။

comments

error: Content is protected !!