လာဗက်ဇီနှင့်ပတ်သက်၍ ချဲလ်ဆီးနှင့် ဆွေးနွေးရန်ရှိသည်ဟု အေးဂျင့်ဖွင့်ဟ
|
ပီအက်စ်ဂျီ၌ ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရသဖြင့် ယခုအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရန်နီးစပ်လျက်ရှိသော တောင်ပံကစားသမားလာဗက်ဇီ၏ အေးဂျင့်ဖြစ်သူမက်ဇိုနီက ချဲလ်ဆီးနှင့်ဆွေးနွေးရန်ရှိသည်ဟု ပြောကြားလိုက်သည်။
အဆိုပါအာဂျင်တီးနားလက်ရွေးစင်ကစားသမား၏ ပီအက်စ်ဂျီနှင့်လက်ရှိချုပ်ဆိုထားသောစာချုပ်သက်တမ်းမှာ လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဥရောပထိပ်သီးကလပ်များဖြစ်သော ဂျူဗင်တပ်၊ အင်တာမီလန်၊ အာဆင်နယ်၊ လီဗာပူး၊ စပါးတို့မှ ခေါ်ယူရန်ဆက်သွယ်လျက်ရှိကြောင်းသိရသည်။
အဆိုပါအသင်းများအနက် ချဲလ်ဆီးနှင့်အင်တာမီလန်မှာ လာဗက်ဇီကိုခေါ်ယူရန် စိတ်ဝင်စားမှုပိုသော အသင်းများဖြစ်ခဲ့ပြီး အဆိုပါကစားသမားနှင့်ပတ်သက်၍ အေးဂျင့်ဖြစ်သူက ”အခုအချိန်မှာ လာဗက်ဇီကိုခေါ်ဖို့ စိတ်အ၀င်စားဆုံးအသင်းက အင်တာမီလန်ပါပဲ။ ချဲလ်ဆီကလည်းခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ကျွန်တော်တို့ ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးသွားဖို့ရှိပါတယ်။ အခုဘောလုံးရာသီကုန်ဆုံးရင် ပီအက်စ်ဂျီကနေသူမထွက်ခွာဘူးလို့ ကျွန်တော်မငြင်းနိုင်ပါဘူး။ ပီအက်စ်ဂျီဘက်ကလည်း သူ့ကိုသက်တမ်းတိုးဖို့ မျှော်လင့်နေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
Next : လက်စတာချန်ပီယံဖြစ်နိုင်ဟူသောစကားများမှာ ရယ်စရာကောင်းနေဆဲဟု ရေနီယာရီဆို