မြန်မာ-ကူဝိတ် ဒုတိယအကျော့ပွဲစဉ်အတွက် မြန်မာကို ၃-၀ ဖြင့် ဖီဖာအနိုင်သတ်မှတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
ကူဝိတ်နှင့်မြန်မာတို့ ပထမအကျော့တွေ့ဆုံခဲ့စဉ်

အောင်သော်ဖြိုး။
ဇန်​နဝါရီ ၁၄။

မြန်​မာ့လက်​​ရွေးစင်​အသင်းသည် ​ကမ္ဘာ့ဖလား​ခြေစစ်​ပွဲအဖြစ်​ ပြီးခဲ့သည့်နိုဝင်​ဘာလ ၁၇ရက်​​နေ့တွင်​ ယှဉ်​ပြိုင်​ရမည့်​ ကူဝိတ်​နှင့်​ပွဲစဉ်​ကို ယှဉ်​ပြိုင်​စရာလို​တော့ဘဲ ၃-၀ ဖြင့်​ အနိုင်​​ပေး​​ကြောင်း ဖီဖာကထုတ်​ပြန်​သည်​။

ကူဝိတ်ဘောလုံးအဖွဲ့ချုပ်၏လုပ်ငန်းဆောင်တာများကို အစိုးရက၀င်ရောက်စွက်ဖက်သည့်အတွက် ဖီဖာက ၎င်းတို့ကိုသတိ​ပေး​ခဲ့​သော်​လည်း ​ပြင်​ဆင်​ခြင်းမရှိခဲ့၍ ဖီဖာ​က ဦးစီးကျင်းပသည့်​ ​ပြိုင်​ပွဲများတွင် ယှဉ်​ပြိုင်​ခွင့်​ပိတ်​ပင်​ခဲ့သဖြင့်​ မြန်​မာအသင်းက ယခုကဲ့သို့ အနိုင်​ရခဲ့ခြင်းဖြစ်​သည်​။

မြန်​မာအသင်းသည်​ ​ခြေစစ်​ပွဲပထမအ​ကျော့တွင်​ ​ကူဝိတ်​ကို ၉-၀ ဖြင့်​ ရှုံးနိမ့်​ခဲ့ပြီး သမိုင်းတစ်​​​လျှောက်​ အဆိုးရွားဆုံးရလဒ်​အဖြစ်​ မှတ်​တမ်းဝင်​ခဲ့သည်​။

comments

error: Content is protected !!