ချန်ပီယံလိဂ်ခြေစစ်ပွဲဝင်နိုင်ရန် ၁ ပွဲပျမ်းမျှ ၂.၈ မှတ်ရရှိရမည်ဟု ဟစ်ဒင့်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
ချန်ပီယံလိဂ်ဝင်ခွင့်ကို သင်္ချာနည်းဖြင့်မျှော်မှန်းတွက်ချက်ထားသည့် ဟစ်ဒင့်

ချဲလ်ဆီးနည်းပြဂုဒ်ဟစ်ဒင့်က ချဲလ်ဆီးအနေဖြင့် ချန်ပီယံလိဂ်ခြေစစ်ပွဲဝင်ရောက်ခွင့်ရရန် ၁ ပွဲပျမ်းမျှ ၂.၈ မှတ်ရရှိရန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ချဲလ်ဆီးအသင်းမှာ အဆင့် ၁၄ နေရာ၌ရပ်တည်နေပြီး ပြိုင်ပွဲပြီးဆုံးရန် ၁၇ ပွဲကျန်ရှိချိန်တွင် အဆင့် ၄ နေရာမှ စပါးအသင်းနှင့် ရမှတ် ၁၂ မှတ်ကွာဟလျက်ရှိသည်။

ထို့ကြောင့် နည်းပြဟစ်ဒင့်က သင်္ချာနည်းအရ ချန်ပီယံလိဂ်ခြေစစ်ပွဲဝင်ရောက်နိုင်ခွင့်ရှိသေးကြောင်းနှင့် အိမ်ကွင်းပွဲများတွင်နိုင်ပွဲရရှိရန်နှင့် ပွဲစဉ်တိုင်း၌ ၂.၈ မှတ်ပိုင်ဆိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါနည်းပြက ”သင်္ချာနည်းအရ ကျွန်တော်တို့အသင်း အဆင့် ၄ နေရာရနိုင်ပါသေးတယ်။ ကျွန်တော်တို့ အိမ်ကွင်းပွဲတိုင်းနိုင်ဖို့လိုပါတယ်။ ခက်ခဲမှန်းသိပေမယ့် ပွဲစဉ်တိုင်းမှာ ၂.၈ မှတ်ရဖို့လိုအပ်နေပါတယ်။ အိမ်ကွင်းမှာ နိုင်ပွဲတွေရဖို့ရှိပါသေးတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!