မန်ယူ၊ ချဲလ်ဆီး၊ မန်စီးတီးသို့ရောက်ရှိနိုင်သည်ဟု ထင်မြင်စေခဲ့ခြင်းအပေါ် ဂွါဒီယိုလာတောင်းပန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာဆင်နယ်သို့ရောက်ရှိနိုင်ခြေပိုများလာဟု သတင်းကြီးလာသည့် ဂွါဒီယိုလာ

ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်တွင် ဘိုင်ယန်မြူးနစ်မှထွက်ခွာမည့် နည်းပြဂွါဒီယိုလာက ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့မည်ဟုပြောကြားခဲ့ပြီးနောက် မန်ယူ၊ ချဲလ်ဆီး၊ မန်စီးတီးစသည့် အသင်းများအနက် တစ်သင်းသင်းကို ကိုင်တွယ်ဖွယ်ရှိသည်ဟု ထင်မြင်စေခဲ့သည့်အတွက် တောင်းပန်လိုကြောင်း ပြောကြားခဲ့သည်။

၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ဂွါဒီယိုလာက ”ကျွန်တော်အသင်းတစ်သင်းနဲ့ သဘောတူညီချက်ရရင် ချက်ခြင်းထုတ်ပြန်သွားမှာပါ။ အင်္ဂလန်မှာနည်းပြဖို့အတွက် နောက် ၂ နှစ်စောင့်ဆိုလည်း စောင့်နိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ အတွေ့အကြုံကောင်းတွေရခဲ့လို့ ကျွန်တော်ပျော်ရွှင်ပါတယ်။ ကျွန်တော့်ရဲ့ လက်ကျန်ရာသီဝက်ကို အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းသွားမှာပါ။ ပြီးရင်တော့ ကျွန်တော်အိမ်ပြန်ပြီး အင်္ဂလန်ကို ပြောင်းရွှေ့ဖြစ်၊ မဖြစ်ကို စောင့်ဆိုင်းနေမှာပါ။ တကယ်လို့ မဖြစ်ခဲ့ဘူးဆိုရင်တော့ ကျွန်တော်ထပ်စောင့်ရဦးမှာပေါ့” ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာဘက်မှ မန်ယူ၊ ချဲလ်ဆီး၊ မန်စီးတီးတို့နှင့်ပတ်သက်၍ တောင်းပန်စကားဆိုခဲ့ခြင်းကြောင့် လာမည့်ဘောလုံးရာသီကုန်ဆုံးချိန်တွင် အာဆင်နယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် နည်းပြအာစင်ဝင်းဂါးနေရာသို့ ရောက်ရှိလာနိုင်သည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။

comments

error: Content is protected !!