နယူးကာဆယ်ဘက်သို့ ၆ ဂိုးသွင်းနိုင်သည့်အနေအထားရှိခဲ့ဟု ဗန်ဟားလ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နယူးကာဆယ်နှင့်ပွဲတွင်တွေ့ရသည့် ဗန်ဟားလ်

မန်ယူနည်းပြဗန်ဟားလ်က နယူးကာဆယ်နှင့် ၃ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် မိမိအသင်းမှာ ၆ ဂိုးသွင်းနိုင်သည့်အနေအထားရှိခဲ့ဟု ဖွင့်ဟပြောကြားလိုက်သည်။

ဗန်ဟားလ်သည် တနင်္လာနေ့က ယခုရာသီမန်ယူပွဲစဉ်အချို့မှာ မိမိကိုယ်တိုင်ပျင်းရိငြီးငွေ့ခဲ့သည်ဟု ၀န်ခံထားသော်လည်း နယူးကာဆယ်၏နောက်ကျချေပဂိုး သွင်းယူခြင်းမခံရမီ မန်ယူကစားပုံမှာ စိတ်လှုပ်ရှားစရာပုံစံမျိုးဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဒီပွဲက ရှုံးလိုက်သလိုပါပဲ။ ကျွန်တော်တို့ အခွင့်အရေးဖြုန်းတီးပစ်ခဲ့တယ်။ အမှန်ဆို ၆ ဂိုးလောက်သွင်းနိုင်ရမှာလေ။ ဒါပေမဲ့ ပြိုင်ဘက်ထက် ကိုယ့်အသင်းက ၁ ဂိုးတော့ အနည်းဆုံးပိုသွင်းမှ နိုင်မှာပေါ့။ အမှတ်တွေ အလကားပေးလိုက်တာပဲ။ ကစားသမားတွေကိုလည်း အဲဒီလိုပြောခဲ့တယ်။ လူတော်တော်များများက သုံးသပ်ကြတဲ့အချက်ကို ကျွန်တော်လက်မခံဘူး။ ကျွန်တော်တို့က အမြဲတမ်းတိုက်စစ်ဆင်တယ်။ တိုက်စစ်နဲ့ကစားတဲ့အသင်းပါ”ဟု ဗန်ဟားလ်က ပွဲအပြီးတွင် ဖွင့်ဟခဲ့သည်။

မန်ယူမှာ အက်ဖ်အေဖလားတတိယအဆင့်တွင် ချန်ပီယံရှစ်အသင်း ရှက်ဖီးလ်ယူနိုက်တက်နှင့်ကစားသည့်ပွဲ၌ ပွဲချိန် ၆၉ မိနစ်အထိ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့သော်လည်း ၁-၀ ဖြင့်အနိုင်ရခဲ့ပြီး အိမ်ကွင်းတွင်ကစားသည့် နောက်ဆုံး ၁၀ ပွဲတွင် ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်မှတ်တမ်းဆိုး ရှိနေသည်။

comments

error: Content is protected !!