ဆွမ်ဆီးကွင်းလယ်လူရှယ်လ်ဗေးကို နယူးကာဆယ်ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူနှင့်ပွဲစဉ်တွင် ပရိသတ်များကိုနှုတ်ဆက်ခဲ့သည့် ရှယ်လ်ဗေး

နယူးကာဆယ်သည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် တန်းဆင်းဇုန်ပြိုင်ဘက်ဖြစ်သော ဆွမ်ဆီးအသင်းမှ ကွင်းလယ်လူရှယ်လ်ဗေးကို ပေါင် ၁၂ သန်းဖြင့်ခေါ်ယူလိုက်ကြောင်း သိရသည်။

အသက် ၂၃ နှစ်ရှိအဆိုပါကွင်းလယ်လူသည် ဆေးစစ်မှုအောင်မြင်ပြီးနောက် ၅ နှစ်ခွဲ သက်တမ်းရှိစာချုပ်ကို ယမန်နေ့က နယူးကာဆယ်နှင့်သဘောတူချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နယူးကာဆယ်နှင့်သဘောတူစာချုပ်ခဲ့သော ရှယ်လ်ဗေးက ”အပြီးသတ်စာချုပ်နိုင်ခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။ ၂၄ နာရီအတွင်းမှာ နယူးကာဆယ်နဲ့သဘောတူညီပြီး ရောက်လာခဲ့တာပါ။ ထိုက်တန်တဲ့ပြောင်းရွှေ့မှုနဲ့ အသင်းကြီးတစ်သင်းမှာ ကစားရတော့မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

နယူးကာဆယ်သို့ ရှယ်လ်ဗေးရောက်ရှိမှုအပေါ် နည်းပြမက္ကလာရင်က အားရကျေနပ်ကြောင်းပြောကြားခဲ့ပြီး အဆိုပါကွင်းလယ်လူမှာ အတွေ့အကြုံရင့်ကျက်သည့် အင်္ဂလိပ်ကွင်းလယ်လူတစ်ဦးဖြစ်သည်ဟု ဆိုခဲ့သည်။

comments

error: Content is protected !!