ဧရာဝတီနှင့်စာချုပ်ဖျက်သိမ်းခဲ့သည့်​ မာယန်​ကို နည်းပြအဖြစ် ရန်ကုန်ယူနိုက်တက် ၁ နှစ်စာချုပ်ဖြင့် ခန့်အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဧရာဝတီယူနိုက်တက်နည်းပြတာဝန်ယူစဉ်က မာယန်

အောင်​​သော်​ဖြိုး။
ဇန်​နဝါရီ ၁၃။

ဧရာဝတီယူနိုက်တက်က ၆ လစာ​လျော်​​ကြေးပေးကာ နှစ်ဖက်သ​ဘောတူစာချုပ်​ဖျက်​သိမ်းခဲ့သည့်​ မက်​ဆီဒိုးနီးယားနည်းပြ မာယန်​ကို ရန်​ကုန်​ယူနိုက်တက်က ၁ ​နှစ်​စာချုပ်​ဖြင့်​​ခေါ်ယူခဲ့​ကြောင်း ရန်ကုန်ယူနိုက်တက်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်​ကုန်​ယူနိုက်တက်သည်​ ဇန်​နဝါရီလ ၁၂ ရက်​​နေ့က ​​ဘရာဇီးနည်းပြ ​အီမာဆင်​နှင့် နှစ်ဖက်သ​ဘောတူ လမ်းခွဲခဲ့ပြီးနောက် မာယန်​ကို ​ခေါ်ယူခဲ့ခြင်းဖြစ်​သည်​။

မာယန်​သည်​ ယခုရာသီ ဧရာဝတီယူနိုက်တက်တွင်​ နည်းစနစ်​ဒါရိုက်​တာရာထူး​ ပြောင်းလဲခန့်​အပ်​ခံရသည့်​အတွက်​ အဆင်မပြေမှုများရှိခဲ့၍​ ဧရာဝတီယူနိုက်တက်နှင့်​ လမ်းခွဲခဲ့ခြင်းဖြစ်​သည်​။

မက်​ဆီဒိုးနီးယားနိုင်​ငံသား မာယန်​သည်​ ​ဧရာဝတီယူနိုက်တက်ကို ချာရတီဖလားနှင့်​ ရှုံးထွက်​ဖလားများ ရယူ​ပေးနိုင်​ခဲ့သည့်​ နည်းပြတစ်​ဦးဖြစ်​ပြီး ၂၀၁၅ ​ဘောလုံးရာသီတွင်​ ဧရာဝတီယူနိုက်တက်ကို ၂၂ ပွဲကိုင်​တွယ်ရာ၌ ၁၀ ပွဲနိုင်​ ၆ ပွဲသ​ရေ ၆ ပွဲရှုံးရလဒ်​ဖြင့်​ အဆင့်​ ၄ ​နေရာတွင်​ ရပ်​တည်​​နိုင်အောင်​ စွမ်း​ဆောင်​​ပေးခဲ့သည်​။

comments

error: Content is protected !!