ဒီယေဂိုကော်စတာနှင့်ရီမီတို့ ဒဏ်ရာရရှိမည်ကို စိုးရိမ်ကြောင်း ဟစ်ဒင့်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကော်စတာနှင့်ရီမီ ဒဏ်ရာရမည်ကို စိတ်ပူနေသည့် ဟစ်ဒင့်

ချဲလ်ဆီးနည်းပြဂုဒ်ဟစ်ဒင့်က အသင်းတိုက်စစ်မှူးများဖြစ်သော ဒီယေဂိုကော်စတာနှင့်ရီမီတို့ ၂ ဦး ကြံ့ခိုင်မှုပြည့်ဝစွာ ပွဲထွက်စေလိုကြောင်းနှင့် ဒဏ်ရာရရှိမည်ကို စိုးရိမ်စိတ်ဖြစ်မိကြောင်း ပြောကြားလိုက်သည်။

ချဲလ်ဆီးအသင်း၏တိုက်စစ်မှာ ဒီယေဂိုကော်စတာနှင့်ရီမီတို့အပေါ်တွင် တည်မှီနေသောကြောင့် နည်းပြဟစ်ဒင့်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီယေဂိုကော်စတာ၊ ရီမီတို့နှင့်ပတ်သက်၍ နည်းပြဟစ်ဒင့်က ”ကော်စတာနဲ့ရီမီတို့ဒဏ်ရာရသွားမှာကို စိုးရိမ်စိတ်ဖြစ်မိတာကို မငြင်းပယ်နိုင်ပါဘူး။ သူတို့တွေကြံ့ခိုင်မှုပြည့်ဖို့ကိုပဲ ကျွန်တော်မျှော်လင့်ပါတယ်။ ရီမီကိုလည်း ချဲလ်ဆီးကနေ ထွက်ခွာဖို့ခွင့်မပြုနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများအရ မိုနာကိုမှ အငှားဖြင့်လာရောက်ကစားနေသော ချဲလ်ဆီးတိုက်စစ်မှူးဖယ်လ်ကာအိုကို ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် ကုန်ဆုံးမည့်စာချုပ်သက်တမ်းအပြီး၌ အသင်းဟောင်းက ပြန်လည်ခေါ်ယူရန်ပြင်ဆင်နေသဖြင့် ချဲလ်ဆီးဘက်မှတိုက်စစ်မှူးတစ်ဦးဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိပြီး ယခုအပြောင်းအရွှေ့ကာလတွင် အေစီမီလန်တိုက်စစ်မှူးဘက်ကာနှင့် ၀က်စ်ဘရွန်း၏ဘီရာဟီနိုတို့ကို ခေါ်ယူရန်ဆက်သွယ်နေကြောင်းသိရသည်။

comments

error: Content is protected !!