ကျူပီအာနောက်ခံလူကော်လ်ကာကို အငှားဖြင့်လီဗာပူးခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးလေ့ကျင့်ခန်းအစီအစဉ်တွင်တွေ့ရသည့် ကော်လ်ကာ

လီဗာပူးအသင်းသည် ချန်ပီယံရှစ်ကလပ်ကျူပီအာအသင်းမှ ဗဟိုခံစစ်မှူးကော်လ်ကာကို ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်အထိ အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ကြောင်း သိရသည်။

အသက် ၂၄ နှစ်ရှိအဆိုပါနောက်ခံလူသည် ဆောက်သမ်တန်အသင်းတွင် အငှားစာချုပ်ဖြင့်ကစားနေသူဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်ခဲ့ရပြီးနောက် လက်ရှိစာချုပ်ဖျက်သိမ်းကာ လီဗာပူးသို့ပြောင်းရွှေ့ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

လီဗာပူးနည်းပြယာဂင်ကလော့ပ်က လက်ရှိအသင်းလူစာရင်းတွင် ဗဟိုခံစစ်မှူးများ ဒဏ်ရာပြဿနာနှင့်ကြုံတွေ့နေရသောကြောင့် ကော်လ်ကာကို ကာလတိုအငှားစာချုပ်ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး အဆိုပါကစားသမားမှာ အခက်အခဲများကို ဖြေရှင်းနိုင်မည့်သူဖြစ်သည်ဟု ဆိုခဲ့သည်။

ကော်လ်ကာ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဆောက်သမ်တန်နည်းပြရော်နယ်ကိုးမန်းကလည်း အသင်းတွင်ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေသဖြင့် လီဗာပူးသို့ပြောင်းရွှေ့ရန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါအင်္ဂလန်နောက်ခံလူမှာ ဆောက်သမ်တန်သို့မရောက်ရှိမီ စပါး၊ ကာဒစ်ဖ်၊ ယိုဗီးလ်၊ ဘရစ္စတိုး၊ ဆွမ်ဆီးတို့၌ အငှားကစားသမားအဖြစ် ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။

comments

error: Content is protected !!