ဝက်စ်ဟမ်းတိုက်စစ်မှူးကာရိုးလ် ဒဏ်ရာထပ်မံရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘုန်းမောက်နှင့်ပွဲတွင် ဒဏ်ရာထပ်မံရရှိခဲ့သည့် ကာရိုးလ်

ဝက်စ်ဟမ်းတိုက်စစ်မှူးကာရိုးလ်မှာ ဘုန်းမောက်ကို ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် လူစားလဲခဲ့ရပြီးနောက် အသင်းအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့သည်။

ကာရိုးလ်မှာ အဆိုပါပွဲတွင် ၁၅ မိနစ်သာပါဝင်ကစားခဲ့ရပြီး ဒဏ်ရာကြောင့်လူစားလဲခဲ့ရသည့်အပေါ် နည်းပြဘီလစ်က ”အခုပွဲမှ ကောင်းကောင်းကစားနိုင်တဲ့ကာရိုးလ်ဒဏ်ရာရသွားတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ပါပဲ။ ဘာလို့အခုလိုဖြစ်သွားလဲဆိုတာ ကျွန်တော်နားမလည်နိုင်ဘူး။ ကစားသမားတွေကို လုံလောက်တဲ့အနားယူမှုတွေပေးထားသလို လေ့ကျင့်ခန်းတွေလည်း အများကြီးမလုပ်ခိုင်းခဲ့ပါဘူး။ အခုဒဏ်ရာကာလရှည်မဖြစ်ပါစေနဲ့လို့ပဲ ကျွန်တော်တို့မျှော်လင့်စရာရှိတော့တယ်” ဟု ပြောကြားခဲ့သည်။

အသက် ၂၇ နှစ်ရှိ အဆိုပါအင်္ဂလန်တိုက်စစ်မှူးသည် ဒူးဒဏ်ရာခွဲစိတ်ကုသခံရမှုကြောင့် ၇ လကြာအနားယူခဲ့ရပြီး နောက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ပြန်လည်ကစားနိုင်ခဲ့ကာ ၀က်စ်ဟမ်းအတွက် ၄ ပွဲသာပါဝင်ကစား၍ ၂ ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။

comments

error: Content is protected !!