ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကြောင့် ဂွါဒီယိုလာအခက်တွေ့နိုင်သည်ဟု ကလော့ပ်သတိပေး
|
ကလော့ပ်နှင့် ဂွါဒီယိုလာကို ၂၀၁၄ ခုနှစ်က အတူတွေ့ရစဉ်
လီဗာပူးနည်းပြယာဂင်ကလော့ပ်က ပရီးမီးယားလိဂ်ပွဲစဉ်ဇယားမှာ ဂွါဒီယိုလာအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာလိမ့်မည်ဟု သတိပေးပြောကြားလိုက်သည်။
အသက် ၄၄ နှစ်ရှိဂွါဒီယိုလာသည် ယခုဘောလုံးရာသီကုန်ဆုံးချိန်တွင် ဘိုင်ယန်မြူးနစ်မှထွက်ခွာ၍ ပရီးမီးယားလိဂ်သို့ လာရောက်နည်းပြရန်ရှိသည်ဟုပြောကြားထားပြီး မန်စီးတီး၊ ချဲလ်ဆီး၊ မန်ယူတို့မှခေါ်ယူရန် ဆက်သွယ်နေကြောင်းသိရသည်။
ထို့ကြောင့် နည်းပြကလော့ပ်က များပြားသည့်ပြိုင်ပွဲများကြောင့် ကြီးမားသောခြားနားမှုများနှင့် ဂွါဒီယိုလာရင်ဆိုင်ရမည်ဟု သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါလီဗာပူးနည်းပြက ”ကျွန်တော်ဒီကိုစရောက်တုန်းက ကက်ပီတယ်ဝမ်းပြိုင်ပွဲကို နှစ်ကျော့ကစားရမှန်းမသိပါဘူး။ ဂျာမနီကလူတွေကို အက်ဖ်အေဖလားမှာသရေကျရင် နောက်တစ်ကျော့ကစားရတယ်လို့ပြောရင် ဘာလို့လဲလို့မေးလိမ့်မယ်။ ဒါတွေက ကွဲပြားမှုတွေပါပဲ” ဟု ပြောကြားခဲ့သည်။
Prev : လှုပ်ခတ်မှုပြင်းထန်မည့် အပြောင်းအရွှေ့ကာလဖြစ်လာနိုင်သည်ဟု အာစင်ဝင်းဂါးဟောကိန်းထုတ်
Next : ရန်ကုန်ယူနိုက်တက်နည်းပြအဖြစ်မှ အီမာဆင်ထုတ်ပယ်ခံရ
Next : ရန်ကုန်ယူနိုက်တက်နည်းပြအဖြစ်မှ အီမာဆင်ထုတ်ပယ်ခံရ