လှုပ်ခတ်မှုပြင်းထန်မည့် အပြောင်းအရွှေ့ကာလဖြစ်လာနိုင်သည်ဟု အာစင်ဝင်းဂါးဟောကိန်းထုတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လှုပ်ရှားမှုများမည့်ဇန်န၀ါရီဟု ခန့်မှန်းလိုက်သည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ယခုတစ်ပတ်တွင် ဘေဆယ်ကွင်းလယ်လူ အယ်လ်နီနီ၏ အပြောင်းအရွှေ့ကိုအပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်းပြောကြားခဲ့ပြီး ယခုအပြောင်းအရွှေ့ကာလသည် ပရီးမီးယားလိဂ်အတွက် အလုပ်များမည့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတစ်ခုဖြစ်လာမည်ဟု ဟောကိန်းထုတ်သွားခဲ့သည်။

ယခုအပြောင်းအရွှေ့ကာလနှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ကျွန်တော့်ရဲ့ထင်မြင်ချက်ကတော့ အခုအပြောင်းအရွှေ့ကာလဟာ အလုပ်များတဲ့ဇန်န၀ါရီအပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။ မီဒီယာတွေအတွက်လည်း အခုလမှာ သတင်းကောင်းတွေရနိုင်လိမ့်မယ်လို့ ကျွန်တော်ပြောချင်တယ်။ အသင်းအတော်များများလည်း တက်တက်ကြွကြွဖြစ်နေမယ်လို့ ကျွန်တော်ယုံကြည်တယ်။ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ဗီလာလိုအသင်းမျိုးတွေက ကစားသမားတွေထွက်ခွာလာနိုင်သလို ကလပ်တွေဘက်ကလည်း အဆင့်တက်လာဖို့ ဖြည့်တင်းမှုတွေပြုလုပ်လာကြမှာပါ” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီအပြောင်းအရွှေ့နောက်ဆုံးနေ့၌ ဖီအိုရင်တီးနားကစားသမားကွာဒရာဒိုကို ချဲလ်ဆီးမှ ပေါင် ၂၃ သန်းပေးချေခေါ်ယူမှုအပါအ၀င် ပရီးမီးယားလိဂ်အပြောင်းအရွှေ့အသုံးပြုငွေ စုစုပေါင်း ပေါင်သန်း ၁၃၀ ရှိခဲ့သော်လည်း အဆိုပါပမာဏသည် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အသုံးပြုခဲ့သည့် ပေါင် ၂၂၅ သန်းအောက် လျော့နည်းခဲ့ကြောင်း သိရသည်။

comments

error: Content is protected !!