ဖီဖာရွှေဘောလုံးဆုနဲ့ပတ်သက်တဲ့ အချက်အလက်တချို့
|
နာရီသံတစ်ချက်ချက်မြည်သံနဲ့အတူ စိတ်ဝင်စားမှုရင်ခုန်သံတွေလည်း တဖြည်းဖြည်းများပြားလာပါပြီ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေနဲ့ နည်းပြတွေကို နှစ်စဉ်ကျင်းပနေကျ ဖီဖာရွှေဘောလုံးဆုပေးပွဲအခမ်းအနားဖြစ်တဲ့ ဇန်န၀ါရီ ၁၁ ရက်မှာ အသိအမှတ်ပြုချီးမြှင့်ကြတော့မှာပါ။
ဇူးရစ်မြို့ရဲ့ Kongresshaus ခန်းမဟာ အခမ်းအနားတက်ရောက်သူတွေကို အကန့်အသတ်သာလက်ခံနိုင်ပေမယ့် ဒီအခမ်းအနားမှာပေးမယ့်ဆုတွေကတော့ ဘောလုံးလောကမိသားစုဝင်တွေရဲ့အသံတွေကို ထင်ဟပ်စေမှာဖြစ်ပါတယ်။
ဖီဖာရွှေဘောလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင် ၃ ဦးမှာ ဘယ်သူက ရွှေဘောလုံးဆုရမလဲဆိုတာကို ဖီဖာအဖွဲ့ဝင် ၂၀၇ နိုင်ငံ (အမှန်တကယ်မှာ ၂၀၉ နိုင်ငံရှိသော်လည်း ကူဝိတ်နှင့် အင်ဒိုနီးရှားတို့မှာ လတ်တလောတွင် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခံထားရ)က အမျိုးသားလက်ရွေးစင်အသင်းခေါင်းဆောင်တွေနဲ့ နည်းပြတွေရဲ့ မဲပေးရွေးချယ်မှုတွေအပြင် နိုင်ငံတကာမီဒီယာတွေက ကိုယ်စားလှယ်တွေရဲ့မဲတွေကိုလည်း ထည့်သွင်းတွက်ချက်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အဲဒီလိုပုံစံနဲ့ပဲ ဖီဖာကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားဆုအတွက် လက်ရွေးစင်အမျိုးသမီးအသင်းခေါင်းဆောင်တွေ၊ နည်းပြတွေ၊ မီဒီယာတွေက မဲပေးမှာဖြစ်သလို၊ အမျိုးသား၊ အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဆုအတွက်လည်း အလားတူပါပဲ။
ဒါ့အပြင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်ကနေ ၂၀၁၅ စက်တင်ဘာ ၂၃ ရက်နေ့အထိ သွင်းဂိုးတွေထဲက အကောင်းဆုံးသွင်းဂိုးရှင်ဆု(ဖီဖာပွတ်ရှ်ကပ်ဆု) ကို ဘယ်သူရသွားမလဲဆိုတာတော့ ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှုတစ်ခုတည်းနဲ့ ရွေးချယ်ပေးအပ်သွားမှာပါ။
ဆန်ကာတင် ၃ ဦးကို Fifa.com နဲ့ francefootball.fr တို့ကို အသုံးပြုသူတွေက ကနဦး ၁၀ ဦးစာရင်းကနေ ရွေးချယ်ပေးခဲ့တာဖြစ်ပြီး အကောင်းဆုံးသွင်းဂိုးရှင်ဆုအတွက် အဲဒီဝက်ဘ်ဆိုက် ၂ ခုမှာပဲ ကမ္ဘာအနှံ့က ဘောလုံးပရိသတ်တွေ မဲပေးရွေးချယ်နိုင်ပါတယ်။
Next : ရော်နယ်ဒိုနှင့် နေမာတို့ကိုကျော်ဖြတ်ကာ ဖီဖာရွှေဘောလုံးဆုကို မက်ဆီဆွတ်ခူး