ရတနာပုံ Vs ​ဧရာဝတီ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ရတနာပုံနည်းပြနှင့် ကစားသမားများ

အသင်းကြီး နှစ်​သင်းရဲ့ ​တွေ့ဆုံမှုဖြစ်​လာတဲ့ ဒီပွဲကို မန္တလေးမြို့၊ဗထူးကွင်း  ဇန်​နဝါရီလ ၁၀ ရက်​​နေ့ ည​နေ ၄ နာရီမှာ ယှဉ်​ပြိုင်​ကြမှာပါ။

ဧရာဝတီအသင်းက အဓိက ကစားသမား​အ​တော်​များများကို လက်​လွှတ်ခဲ့ရ​ပေမယ့်​ နိုင်​ငံခြားကစားသမား ၄ ဦးနဲ့ ​​ပြည်​တွင်းကစားသမား ၁၁ ဦးအထိ ပြန်​လည်​​ခေါ်ယူထားပါတယ်​။ အသင်းကို ပြည်​တွင်းနည်းပြဖြစ်​တဲ့ ဦး​​ကျော်​လွင်​က ကိုင်​တွယ်​မှာပါ။

ရတနာပုံအသင်းက ​​​ပြောင်းလဲမှု​တွေ အများအပြားမလုပ်​ထားဘဲ နိုင်​ငံခြားသားကစားသမားသစ်​ ၂ ဦး ခေါ်ယူထားပြီး မြန်​မာ့လက်​​ရွေးစင်​ဂိုးသမား ရန်​​အောင်​လင်းကိုလည်း​ခေါ်ယူထားပါတယ်​။ ရတနာပုံပရိသတ်​​တွေ ​ရှေ့မှာ​​ရတနာပုံအသင်း ​အောင်​ပွဲခံနိုင်​မလားဆိုတာ စိတ်​ဝင်​စားစရာပါ။

သူတို့ နှစ်​သင်း ထိပ်​တိုက်​​တွေ့ဆုံမှု ၁၂ ကြိမ်​မှာ ရတနာပုံအသင်း ၆ ကြိမ်​ အနိုင်​ရထားပြီး ဧရာဝတီအသင်း ၃ ကြိမ်​နိုင်ထားကာ​ ၃ ကြိမ်​ သ​ရေကျထားပါတယ်​။

ရတနာပုံအိမ်​ကွင်းမှာကစားခဲ့တဲ့ ၆ ကြိမ်မှာ ဧရာဝတီက ၄ ကြိမ်​ ရှုံးနိမ့်​ထားတာ​ကြောင့်​ ​ဗထူးကွင်းဖိအား​တွေ​အောက်​က ဧရာဝတီရုန်းထွက်​နိုင်​ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ပွဲကြို ​ပြောစကားများ

ရတနာပုံအသင်းက အဖွင့်​ပွဲစဉ်​မှာ ဧရာဝတီယူနိုက်​တက်​လိုအသင်းကြီးနဲ့ ​တွေ့ဆုံရမှာပါ။ ဒါဟာ ခက်​ခဲတယ်​ဆိုတာမှန်​​ပေမယ့်​ ကျွန်​​တော်​တို့ အသင်းအနိုင်​ရဖို့ ကစားသမား​တွေမှာ ယုံကြည်​မှုအပြည့်​ရှိ​နေပါတယ်။ ကျွန်​​တော်​တို့ အ​ကောင်းဆုံးယှဉ်​ပြိုင်​ကစားသွားမယ်​။
ရတနာပုံ FC နည်းပြချုပ်​ ရီနီ

ရတနာပုံအသင်းက အသင်းကြီးတစ်​သင်းပါ။ ကွင်းဖွင့်​ဖလားက အမှား​တွေကို ပြင်​ဆင်​ပြီး မနိုင်​ရင်​​တောင်​ အနည်းဆုံးဧရာဝတီအသင်း တစ်​မှတ်​ရမှဖြစ်​မှာပါ။ အမှားနည်းမှ ရလဒ်​​ကောင်းနိုင်​မယ့်​ပွဲပါ။
ဦး​ကျော်​လွင်​ ဧရာဝတီအသင်းနည်းပြချုပ်

comments

error: Content is protected !!