သီဟဒီပအသင်း MNL-2 ​​​ခြေစစ်​ပွဲ ​နောက်​ဆုံး​နေရာမှ အ​ပျော်​တန်းလိဂ်​သို့ဆင်းရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ခြေစစ်ပွဲအောင်မြင်ခဲ့သည့် စီးတီးစတားအသင်း

အောင်သော်ဖြိုး။
ဇန်​နဝါရီ ၉။

မြန်​မာ​နေရှင်​နယ်​လိဂ် ၂ သို့ဝင်​​ရောက်​ခွင့်​ရ​ရေး အသင်းသစ်​ ၄ သင်း ယှဉ်​ပြိုင်​​နေသည့်​ ​ခြေစစ်​ပွဲများ ဇန်​နဝါရီလ ၉ ရက်​​နေ့တွင်​ပြီးဆုံးခဲ့ပြီး သီဟဒီပအသင်းမှာ အုပ်​စု​နောက်​ဆုံး​နေရာတွင်​သာ ရပ်​တည်​ခဲ့သည့်​အတွက်​ လိဂ်​ ၂ ဝင်​ခွင့်​ ဆုံးရှုံးခဲ့ရသည်။

ခြေစစ်​ပွဲ​နောက်​ဆုံးပွဲစဉ်​များအဖြစ်​ မဟာယူနိုက်တက်နှင့်​ ယူနိုက်​တက်​​အော့ဖ်သန်​လျင်​​တို့ ယှဉ်​ပြိုင်​ရာတွင်​ ​သ​ရေရလဒ်​ ထွက်​​ပေါ်ခဲ့ပြီး ​ဂိုးကွာခြားချက်အရ မဟာယူနိုက်တက်က အုပ်​စု ပထမ၊ ယူနိုက်​တက်​​အော့ဖ်သန်​လျင်​က အုပ်​စုဒုတိယ​နေရာ ရရှိခဲ့သည်​။

ခြေစစ်​ပွဲ ဒုတိယပွဲစဉ်​များအပြီးအထိ ရမှတ်​မရ​သေးသည့်​ စီးတီးစတားနှင့်​ သီဟဒီပတို့မှာ ​နောက်​ဆုံးပွဲစဉ်​တွင်​ ​တွေ့ဆုံခဲ့ပြီး စီးတီးစတားက ၂-၁ ဂိုးဖြင့်​ အနိုင်​ရခဲ့သည့်​အတွက်​ စီးတီးစတားမှာ တတိယနေရာမှ ​မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂ သို့ တက်​​ရောက်​ခွင့်​ရခဲ့သည်​။

မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂ သို့တက်​​ရောက်​ခွင့်​ရသည့်​ အသင်းများသည်​ ​ခြေစစ်​ပွဲတွင်​ ပါဝင်​ခဲ့သည့်​ ကစားသမားစာရင်းအတိုင်း မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂ တွင်​ ယှဉ်​ပြိုင်​ရမည်​ဖြစ်​ပြီး ​ခြေစစ်​ပွဲတွင်​ နိုင်​ငံခြားသားများ ပါဝင်​ခွင့်​မရှိ​သော်​လည်း ​ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ချိန်တွင် ပြည်ပကစားသမားများ ​ခေါ်ယူခွင့်​ရှိမည်​ဖြစ်​သည်​။

comments

error: Content is protected !!