ဟယ်ရီကိန်းကိုရောင်းမည်မဟုတ်ဟု ပိုချက်တီနိုဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုရာသီတွင် ၁၃ ဂိုးသွင်းယူထားသည့် ဟယ်ရီကိန်း

စပါးနည်းပြ ပိုချက်တီနိုက အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းအားရောင်းချမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ထိုကစားသမားမှာ ရီးရဲလ်က စိတ်ဝင်စားပြီး ဆက်သွယ်လျက်ရှိသည်ကို မအံ့သြဟု ပိုချက်တီနိုကဆိုပြီး”သူ့ကို မရောင်းချင်ဘူး။ သူကလည်း ဒီအသင်းမှာပဲ ကစားချင်တယ်။ ကောလာဟလသတင်းတွေကြားပေမယ့် မအံ့သြပါဘူး။ သူက ဥရောပနဲ့ ကမ္ဘာ့အဆင့် အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ပါ။ သူ့ကို အသင်းကြီးတွေက စိတ်ဝင်စားတာကို အံ့သြမှာမဟုတ်ပါဘူး။ သူက ရောင်းမယ့်သူမဟုတ်ဘူး။ သူကလည်း စပါးမှာဆက်ကစားချင်တာ ကောင်းတာပေါ့”ဟု ပြောကြားခဲ့သည်။

အသက် ၂၂ နှစ်အရွယ် ဟယ်ရီကိန်းမှာ ယခုရာသီတွင် ၁၃ ဂိုးသွင်းယူထားပြီး ပြီးခဲ့သည့်ရာသီက ကလပ်နှင့် လက်ရွေးစင်အသင်းအတွက် ၃၂ ဂိုးသွင်းယူနိုင်ခဲ့သောခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားသည်။

ဟယ်ရီကိန်းမှာ အသက် ၁၁ နှစ်အရွယ်ကတည်းက စပါးတွင်ကစားခဲ့သူဖြစ်ကာ ဂါရတ်ဘေးလ်၊ မိုဒရစ်တို့ကဲ့သို့ စပါးမှ ရီးရဲလ်သို့ပြောင်းရွှေ့မည်သူမဟုတ်ကြောင်း ပိုချက်တီနိုက အခိုင်အမာဆိုခဲ့သည်။

comments

error: Content is protected !!