အာဖရိကအကောင်းဆုံးကစားသမားဆုမရရှိမှုကြောင့် ယာယာတိုရေး ဒေါသတကြီးဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာဖရိကအကောင်းဆုံးဆုပေးပွဲတွင်တွေ့ရသည့် အူဘာမီယန်(လယ်)နှင့် ယာယာတိုရေး(ယာ)

မန်စီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးသည် အာဖရိကအကောင်းဆုံးကစားသမားဆု မရရှိခဲ့ခြင်းကြောင့် ဒေါသတကြီးတုံ့ပြန်ပြောကြားလိုက်သည်။

၎င်းမှာ ၂၀၁၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အိုင်ဗရီကို့စ်အား အသင်းခေါင်းဆောင်တာဝန်ယူပြီး ဖလားရစေခဲ့သော်လည်း ဂါဘွန်နှင့် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ အာဖရိကအကောင်းဆုံးကစားသမား ဒုတိယဆုကိုသာ ရရှိခဲ့သဖြင့်”အာဖရိကအတွက်တော့ ဒီအဖြစ်က အရှက်ရစရာပါ။ ဒီလိုအဖြစ်မျိုး မဖြစ်သင့်ပါဘူ။ ဒါပေမဲ့ ဘာများတတ်နိုင်ဦးမှာလဲ”ဟု ထုတ်ဖော်ဝေဖန်ခဲ့သည်။

ယာယာတိုရေးသည် အာဖရိကအကောင်းဆုံးကစားသမားဆုကို ပြီးခဲ့သည့် ၄ နှစ်ဆက်တိုက်ရရှိထားပြီး မကြာသေးမီကလည်း ဘီဘီစီ၏ ၂၀၁၅ ခုနှစ် အာဖရိကအကောင်းဆုံးကစားသမားဆုရရှိထားသော်လည်း အူဘာမီယန်က ပထမဆုံးဂါဘွန်ကစားသမားအဖြစ် အာဖရိကအကောင်းဆုံးဆုကို ရရှိသွားခဲ့သည်။

အူဘာမီယန်မှာ ၂၀၁၃ ခုနှစ်က စိန့်အက်တိန်းမှ ဒေါ့မွန်သို့ပြောင်းရွှေ့လာပြီးနောက် ယခုရာသီတွင် ၁၇ ပွဲကစားကာ ၁၈ ဂိုးသွင်းယူထားပြီး ဒေါ့မွန်အတွက် စုစုပေါင်းကစားခဲ့သည့် ၁၁၉ ပွဲတွင် ၆၈ ဂိုးသွင်းယူထားသော်လည်း လက်ရွေးစင်ဂါဘွန်အသင်းနှင့် ယမန်နှစ်အာဖရိကနိုင်ငံများဖလားပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ထို့ကြောင့် ယာယာတိုရေးက”ကျွန်တော်တို့ အာဖရိကန်တွေက အာဖရိကကို အလေးမထားကြပါဘူး။ ကိုယ်နေတဲ့တိုက်မှာထက် တခြားတိုက်တွေမှာရတဲ့အောင်မြင်မှုကိုပဲ အလေးထားကြတယ်။ အဲဒါက စိတ်ပျက်စရာပဲ။ ဥပမာတစ်ခုပေးရရင် မက်ဆီက ဖလားအားလုံးရပြီး ရွှေဘောလုံးဆုကို ရော်နယ်ဒိုရသွားရင် ဘာပြောကြမလဲ။ မတရားဘူးပေါ့ဗျာ။ ယာယာတိုရေးလည်း ကိုယ့်ဘာသာကိုယ်လုပ်မယ်။ အာဖရိကလည်း ကိုယ့်ဘာသာကိုယ်စောင့်ရှောက်ပါစေတော့။ ကျွန်တော်ခဏခဏပြောခဲ့သလိုပဲ။ အာဖရိကအတွက် အရမ်းတွေးပူမနေသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ပျက်အောာင်လုပ်မယ့် ထိပ်ဆုံးကအရာက အာဖရိကဖြစ်နေလို့ပဲလေ”ဟု ဒေါသတကြီးဝေဖန်ခဲ့သည်။

comments

error: Content is protected !!