အော်စကာနှင့် ဒီယေဂိုကော်စတာတို့ လေ့ကျင့်ရေးကွင်းတွင် အချင်းများခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
2FE3E0CA00000578-3389124-image-a-3_1452190016989
အော်စကာနှင့် ဒီယေဂိုကော်စတာကို အတူတွေ့ရစဉ်

ချဲလ်ကစားသမားများဖြစ်သော ဒီယေဂိုကော်စတာနှင့် အော်စကာတို့သည် ကြာသပတေးနေ့ နေ့လယ်ခင်းလေ့ကျင့်ရေးအစီအစဉ်တွင် အချင်းများရန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ထိုကစားသမား ၂ ဦးမှာ လေ့ကျင့်ရေးအစီအစဉ်တွင် ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် စကားများခဲ့ကြသဖြင့် အသင်းဖော်များက ၀င်ရောက်ဖျန်ဖြေပေးခဲ့ရသည်။

ထိုကဲ့သို့ စကားများမှုမှာ အော်စကာက ကော်စတာကို ကြမ်းတမ်းသည့်ဖျက်ထုတ်ပုံဖြင့် ကစားခဲ့သဖြင့် ကော်စတာကလည်း ကြမ်းကြမ်းတမ်းတမ်းပြန်လည်ဖျက်ထုတ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့မှာ အကြီးအကျယ်စကားများခဲ့သဖြင့် ကိုယ်ထိလက်ရောက်မဖြစ်မီ အသင်းဖော်များက ၀င်ရောက်တားဆီးခဲ့ရသော်လည်း လေ့ကျင့်ရေးအစီအစဉ်ပြီးဆုံးချိန်တွင် ပြန်လည်အဆင်ပြေသွားခဲ့ကြောင်း သိရှိရကာ ထိုဖြစ်ရပ်အတွက် ယာယီနည်းပြဟစ်ဒင့်က မှတ်ချက်တစ်စုံတရာမပြုခဲ့သလို အော်စကာကလည်း ဒီယေဂိုနှင့် ၎င်းတို့ ရန်ဖြစ်ခဲ့ကြသည်ဟု ပြောကြားသူများမှာ လိမ်လည်သူသာဖြစ်ကြောင်း ၎င်း၏တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

comments

error: Content is protected !!