မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ရာသီ အဖွင့်ပွဲစဉ်များ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆောက်သမ်းနှင့်ကစားရမည့် ရခိုင်ယူနိုက်တက်ကစားသမားအချို့

မြန်​​မာ​ဘောလုံးပရိသတ်​​တွေ ​စောင့်​​မျှော်​​နေတဲ့ ၂၀၁၆ မြန်​မာ​နေရှင်​နယ်​လိဂ်​ ပွဲစဉ်​​တွေ လာမယ့်​ ဇန်​နဝါရီ ၉ ရက်​​နေ့ကစ​ပြီး ယှဉ်​ပြိုင်​​တော့မှာပါ။

ရခိုင်​ယူနိုက်​တက်​ Vs ​ဆောက်​သမ်းမြန်​မာ

၂၀၁၆ ​ဘောလုံးရာသီရဲ့ အဖွင့်​ပွဲစဉ်​အဖြစ်​ ရခိုင်​ယူနိုက်​တက်​နဲ့ ​ဆောက်​သမ်းမြန်​မာတို့ရဲ့ ပွဲစဉ်​ကို ဇန်​နဝါရီ ၉ ရက်​​နေ့ည​နေ ၄ နာရီအချိန် သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်​ပြိုင်​ကြမှာဖြစ်​ပါတယ်​။

ရခိုင်​ယူနိုက်​တက်​အသင်းဟာ ၂၀၁၅ ​ဘောလုံးရာသီ နောက်​ဆုံးပွဲစဉ်​မှာ က​မ္ဘောဇအသင်းကို ​​အနိုင်​ရပြီး ​​​​​​​​​​​တန်းဆင်းဇုန်က လွတ်​​မြောက်​ခဲ့တဲ့ အသင်းတစ်​သင်း ဖြစ်​ပြီး ​ဆောက်​သမ်းမြန်​မာကလည်း MNL-2 ချန်​ပီယံအ​နေနဲ့ တန်းတက်​လာတဲ့ အသင်းတစ်​သင်းဖြစ်​ပါတယ်​။ ​​​​​​​​​​​​ခြေရည်​တူ အသင်းတွေ ​တွေ့ဆုံပွဲဖြစ်​တာ​ကြောင့်​ ပွဲ​ကောင်းတစ်​ပွဲဖြစ်​လာမှာပါ။

———- ​———- ​———- ​———- ​———- ​———-
Horizon Vs ​ဇေယျာ​ရွေ​မြေ

မြန်​မာ​နေရှင်​နယ်​လိဂ်​ရဲ့ တစ်သင်းတည်း​သော နိုင်​ငံခြားသားပိုင်​ Horizon အသင်းဟာ​ အခုနှစ်​မှ မြန်​မာ​နေရှင်​နယ်​လိဂ်​ကို ပထမဆုံးတန်းတက်​ခွင့်​ ရခဲ့တဲ့အသင်းတစ်​သင်းဖြစ်​ပါတယ်​။

တူရကီနိုင်​ငံသား နည်းပြကိုင်​တွယ်​နေတဲ့ အသင်းတစ်​သင်းဖြစ်​ပြီး ​နိုင်​ငံခြားကစားသမား​တွေပါဝင်​မယ့်​ အသင်းတစ်​သင်းပါ။

ဇေယျာ​ရွှေမြေက ​နည်းပြအ​ပြောင်းအလဲ ပြုလုပ်​ထားပြီး ​​​​​နေရှင်​နယ်​လိဂ်​​အ​တွေ့အကြုံရင့်​ ကစားသမား​တွေပါတဲ့အသင်းဖြစ်​တာ​ကြောင့်​  Horizon ရဲ့MNL Fresher Welcome က ချိုမြိန်​ပါ့မလားဆိုတာ ​စောင့်ကြည့်​ရမှာပါ။

ထူးခြားချက်​အ​နေနဲ့ ဒီပွဲစဉ်​ကိုယှဉ်ပြိုင်မယ့် ​ဇေယျာ​ရွှေ​မြေနည်းပြ ​ပေါ်တူဂီလူမျိုးနည်းပြ ​ဖေဘီယာနိုနဲ့ Horizon နည်းပြ ပါလာတို့ဟာ မြန်​မာ​နေရှင်​နယ်​လိဂ်​ပွဲဦးထွက်အတွေ့အကြုံဖြစ်လို့ နည်းပြတွေရဲ့အားပြိုင်မှုကိုလည်း တွေ့မြင်ရမှာပါ။

comments

error: Content is protected !!