ဖေဖော်ဝါရီလမှသာ ကော်တင်ညို ပြန်ကစားနိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဖေဖော်ဝါရီလမှသာ ပြန်ကစားနိုင်တော့မည့် ကော်တင်ညို

လီဗာပူးကွင်းလယ်လူ ဖီးလစ်ကော်တင်ညိုသည် စတုတ်စီးတီးနှင့်ကစားခဲ့သည့် ကက်ပီတယ်ဝမ်းဖလားပွဲစဉ်တွင်ရရှိခဲ့သော ဒဏ်ရာကြောင့် ဇန်န၀ါရီလကုန်အထိ အနားယူရတော့မည်ဟု သိရှိရသည်။

နောက်ခံလူ ဒီယန်လက်ဗ်ရန်နှင့် ကိုလိုတိုရေးတို့မှာလည်း အလားတူဒဏ်ရာကို ထိုပွဲစဉ်၌ပင်ရရှိခဲ့သော်လည်း အချိန်အနည်းငယ်သာ အနားယူရမည်ဖြစ်သည်။

ယနေ့ညတွင် အိတ်စ်တာစီးတီးနှင့် အက်ဖ်အေဖလား တတိယအဆင့်ကစားရမည့် လီဗာပူးနည်းပြ ကလော့ပ်က”ဒီယန်နဲ့ ကိုလိုတိုရေးတို့ထက် ကော်တင်ညိုရဲ့ဒဏ်ရာက ပိုပြင်းထန်ပေမယ့် ဒီကစားသမားတွေကတော့ သောကြာနေ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ကိုလိုတိုရေးက နောက်တစ်ပတ်မှာ ပြန်ကစားနိုင်မှာဖြစ်ပြီး ဒီယန်ကတော့ မန်ယူနဲ့ပွဲပြီးမှ ကစားနိုင်ပါလိမ့်မယ်။ ကော်တင်ညိုကတော့ ပြန်ကစားနိုင်ဖို့ ၁ ပတ် ၂ ပတ်လောက် နားရလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

လီဗာပူးတွင် ကော်တင်ညို၊ လက်ဗ်ရန်၊ စကာတယ်၊ ရိုဆစ်တာ၊ အိုရီဂီနှင့် စတာရစ်ခ်ျတို့ ၆ ဦးမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး ဆာခိုမှာလည်း ဒဏ်ရာရနေသဖြင့် အိတ်စ်တာစီးတီးနှင့်ပွဲအတွက် လီဗာပူးတွင် အသင်းကြီးဗဟိုနောက်ခံလူတစ်ဦးမှ မရှိချေ။

လီဗာပူး၏ ဇန်န၀ါရီလပွဲစဉ်များ
ဇန်န၀ါရီ ၈ ရက် – အက်ဖ်အေဖလားတတိယအဆင့် – အိတ်စ်တာ (အဝေးကွင်း)
ဇန်န၀ါရီ ၁၃ ရက် – ပရီးမီးယားလိဂ် – အာဆင်နယ် (အိမ်ကွင်း)
ဇန်န၀ါရီ ၁၇ ရက် – ပရီးမီးယားလိဂ် – မန်ယူ (အိမ်ကွင်း)
ဇန်န၀ါရီ ၂၃ ရက် – ပရီးမီးယားလိဂ် – နောဝစ်ခ်ျ (အဝေးကွင်း)
ဇန်န၀ါရီ ၂၆ ရက် – ကက်ပီတယ်ဝမ်း ဆီမီးဖိုင်နယ် – စတုတ်စီးတီး (အိမ်ကွင်း)

comments

error: Content is protected !!