၂၀၁၆ ရာသီအတွက် ရတနာပုံအသင်း ကစားသမားသစ် ၅ဦးခေါ်ယူ
|
ဇန်နဝါရီ ၇။
အောင်သော်ဖြိုး။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ် တွင် အဆင့် ၂ဖြင့် ကျေနပ်ခဲ့ရသည့် မန္တလေးမြို့ ကိုယ်စားပြု ရတနာပုံအသင်းသည်ရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် ပြည်တွင်းကစားသမားသစ် ၃ဦး နှင့် နိုင်ငံခြားကစားသမားသစ် ၂ဦးကို ခေါ်ယူခဲ့ကြောင်း ရတနာပုံအသင်း တာဝန်ရှိသူ တစ်ဦးကဆိုသည်။
ရတနာပုံအသင်းသည် အရှေ့အလယ်ပိုင်း ကလပ် အသင်းများ နှင့် ထိုင်းကလပ်အသင်းများတွင် ကစားခဲ့ဖူးသည့် ကင်မရွန်း ကစားသမား ဝီလျံ နှင့် ဆားဘီးယား ကလပ်၊လက်ဘီးယား ကလပ်၊ ထိုင်းကလပ်များတွင် ကစားဖူးသည့် ဂျပန်ကစားသမား အိုဂါဝါ ကိုင်ဆူကီ တို့ကို ခေါ်ယူခဲ့ပြီးအသင်းမှ နောက်ခံလူ မွန်ကာလူ နှင့် လိုက်ဘေးရီးယားတိုက်စစ် ကိသ် တို့ကို တစ်ရာသီ ထပ်မံ စာချုပ်ချုပ်ခဲ့သည်။
ရတနာပုံ အသင်းသည် ပြည်တွင်းမှ ယူ ၁၉ကစားသမား ရဲရင့်အောင်၊ ဟံသာဝတီဂိုးသမား ရန်အောင်လင်း နှင့်သိန်းသန်းဝင်း တို့ကိုလည်း ခေါ်ယူထားသည်။
ရတနာပုံအသင်းသည် မြန်မာနေရှင်နယ်လိဂ်စတင်သည့် ၂၀၀၉ ခုနှစ်တွင် ချန်ပီယံဆု၊ ၂၀၁၀ ခုနှစ်တွင် ချန်ပီယံဆု နှင့် ၂၀၁၄ ခုနှစ်တွင် ချန်ပီယံဆု ရရှိထားသည့် အသင်းတစ်သင်းဖြစ်သည်။
Next : မဟာ နှင့် United of Thanlyin တို့ MNL-2 ခြေစစ်ပွဲအောင်ရန်နီးစပ်လာ