မန်ယူပစ်မှတ် ဖိလစ်ပီ အန်ဒါဆန်ကို ရောင်းချမည်ဟု လာဇီယိုအသင်းအတည်ပြု
|
မန်ယူအသင်းပစ်မှတ်ထားစောင့်ကြည့်နေသည့် ကွင်းလယ်ကစားသမား ဖိလစ်ပီ အန်ဒါဆန်အားရောင်းချသွားမည်ဟုလာဇီယိုအသင်းကအတည်ပြုလိုက်ကြောင်း Four Four Two မဂ္ဂဇင်းစာကဖော်ပြခဲ့သည်။
လာဇီယိုအသင်းအားကစားဒါရိုက်တာ အစ်ဂ်လီ တာရီက ယခုအပြောင်းအရွှေ့ကာလတွင် ဖိလစ်ပီ အန်ဒါဆန်အပေါ်ကမ်းလှမ်းမှုများအပေါ် လေ့လာစောင့်ကြည့်သွားမည်ဟုပြောခဲ့ရာ မန်ယူအသင်းသို့ ယင်းကစားသမားပြောင်းရွှေ့ရန်မှာနီးစပ်လာပြီဟုသုံးသပ်မှုများရှိလာခဲ့သည်။
နည်းပြဗန်ဟားလ်နှင့် မန်ယူအသင်းတို့သည် အသက်၂၂နှစ်အရွယ်အဆိုပါဘရာဇီးလက်ရွေးစင်ကစားသမားအားခေါ်ယူနိုင်ရန် ဆွေးနွေးနေကြောင်းသတင်းများထွက်ပေါ်လျက်ရှိပြီး လာဇီယိုနည်းပြပိုလီကလည်း”ဒီကစားသမားကိုဈေးကွက်အတွင်းရောင်းချဖို့က ဘုတ်အဖွဲ့ကဆုံးဖြတ်ချက်အပေါ်မူတည်နေတယ်”ဟု ဗုဒ္ဓဟူးနေ့ကကာပီအသင်းနှင့်ဂိုးမရှိသရေကျခဲ့သည့်ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။
ဖိလစ်ပီ အန်ဒါဆန်သည် ယခုနှစ်ရာသီတွင် လာဇီယိုအသင်းအတွက် ၄ဂိုးသွင်းယူထားသူလည်းဖြစ်သည်။
Next : ၂၀၁၆ ရာသီအတွက် ရတနာပုံအသင်း ကစားသမားသစ် ၅ဦးခေါ်ယူ