ပွဲချိန်ပြည့် အသင်းအပေါ် လှောင်ပြောင်ခဲ့သည့်မီလန်ပရိသတ်များကို စာနာနားလည်ကြောင်း နည်းပြမီဟိုင်းလိုဗစ် ထုတ်ဖော်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
sinisa-mihajlovic-cropped_1qtnvzhzllg0k1t40sw0a589bf
ဘိုလော့ဂ်နာအားရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ကွင်းအတွင်းမှ စိတ်ပျက်စွာဖြင့်ထွက်လာသည့် မီလန်နည်းပြမီဟိုင်းလိုဗစ်။

အေစီမီလန်အသင်းသည် ဆန်စီရိုကွင်းတွင် ဧည့်သည်ဘိုလော့ဂ်နာအား အံအားသင့်ဖွယ်ရာ (၀-၁)ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပွဲချိန်ပြည့် လှောင်ပြောင်ခဲ့သည့်မီလန်ပရိသတ်များလုပ်ရပ်မှာ မှန်ကန်ကြောင်း နည်းပြမီဟိုင်းလိုဗစ်ကထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းရှုံးပွဲကြောင့် အေစီမီလန်အသင်းသည် ဘိုလော့ဂ်နာအားဆန်စီရိုတွင် ၁၁ပွဲဆက်တိုက်ရှုံးပွဲမရှိသည့် မှတ်တမ်းပျက်ယွင်းခဲ့ကာ ၁၈ပွဲကစားပြီးချိန်
၂၈မှတ်သာရထားသည့်အတွက် နည်းပြမီဟိုင်းလိုဗစ်အနာဂတ်မှာလည်း မရေမရာဖြစ်လာခဲ့သည်။

ထိုကဲ့သို့ ရှုံးပွဲများ၊ရလဒ်များဆိုးရွားနေသည့် အေစီမီလန်အသင်းအပေါ် အသင်းပရိသတ်များမကျေမနပ်ဖြစ်နေကြကာဘိုလော့ဂ်နာနှင့်ပွဲစဉ်တွင် ပွဲစမှ ပွဲပြီးဆုံးသည်အထိ လှောင်ပြောင်ခဲ့ကြသည်။

ထိုအဖြစ်အပျက်အပေါ် နည်းပြမီဟိုင်းလိုဗစ်က”ကျွန်တော့်ကစားသမားတွေအနိုင်ရဖို့ အမြဲကြိုးစားနေကြတယ်။ ဖန်တီးမှုတွေဂိုးရနိုင်ခွင့်တွေကြုံခဲ့ရတယ်။ ဒါပေမဲ့ရှုံးနိမ့်ခဲ့ရလို့ကျွန်တော်နာကျင်ရပါတယ်။ အသင်းပရိသတ်တွေဟာ လှောင်ပြောင်မှုတွေလုပ်ခဲ့တယ်။ သူတို့ လုပ်ရပ်ကိုကျွန်တော်နားလည်ပါတယ်။ သူတို့လုပ်ရပ်မှန်ပါတယ်”ဟုပြောခဲ့သည်။

ထို့အပြင်မီဟိုင်းလိုဗစ်က ရလဒ်ဆိုးများကြုံတွေ့ရာတွင် အသင်း၌ တိုက်စစ်သမား ၂ဦးသာရှိခြင်းနှင့် မီနက်ဇ်မှာ ဒဏ်ရာကြောင့် နားနေရခြင်း ဘာလော့တယ်လီမှာ ၂ပွဲသာကစားထားရခြင်းကိုထောက်ပြခဲ့သည်။

comments

error: Content is protected !!