မဟာ နှင့်​ United of Thanlyin တို့ ​MNL-2 ​ခြေစစ်​ပွဲ​အောင်ရန်နီးစပ်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12498589_951377158245566_1021654078_n
MNL-2 သို့တက်ရောက်ရန် ၇၀ရာခိုင်းနှုန်းသေချာလာသည့် United of Thanlyin

ဇန်​နဝါရီ ၇။
အောင်သော်ဖြိုး။

မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂သို့ ဝင်​​ရောက်​ခွင့်​ ရရှိ​ရေး အတွက်​အသင်းသစ်​​လေးသင်း ယှဉ်​ပြိုင်​​နေသည့်​ ​ခြေစစ်​ပွဲ ဒုတိယပွဲစဉ်​များတွင်​ မဟာယူနိုက်​တက်​ နှင့်​ United of Thanlyin တို့ ထပ်​မံအနိုင်​ရခဲ့သဖြင့်​ ​​​မြန်​မာ​နေရှင်​နယ်​လိဂ်​၂သို့ တက်​​ရောက်​ရန်​ ​၇၀ ရာနှုန်းခန့်​​သေချာပြီ ဖြစ်​သည်​။

ယ​နေ့ ဇန်​နဝါရီလ ၇ရက်​​နေ့ ည​နေပိုင်းတွင်​ မဟာ နှင့်​ စီးတီးစတားအသင်းတို့ ယှဉ်​ပြိုင်​ရာတွင်​ မဟာ က ၃-၀ ဖြင့်​ အနိုင်​ရခဲ့ပြီး United of Thanlyin နှင့်​ သီဟဒီပတို့ ပွဲစဉ်​တွင်​ United of Thanlyin က ၁-၀ ဖြင့်​ အနိုင်​ရခဲ့သည်​။

ခြေစစ်​ပွဲ ပထမဆုံးပွဲစဉ်​များတွင်​ မဟာအသင်းက သီဟဒီပအသင်းကို အနိုင်​နှင့်​ United of Thanlyin အသင်းကစီးတီးစတားအသင်းကို အနိုင်​ရထားသဖြင့်​ မဟာ နှင့်​ United of Thanlyin က ​အမှတ်​အများဆုံး ရရှိကာ အုပ်​စု ပထမ ​နေရာကို လုရမည်​ဖြစ်​ပြီး စီးတီးစတား နှင့်
သီဟဒီပတို့ အသင်းတို့ပွဲစဉ်​တွင်​ အနိုင်​ရသည့်​အသင်းက လိဂ်​ ၂ သို့တက်​​ရောက်​ခွင့်​ရမည်​ဖြစ်​သည်​။

ဝင်​​ရောက်​ခွင့်​​လျောက်​ထားသည့်​ အသင်း ၄သင်းတွင်​ အမှတ်​အများဆုံးသုံးသင်းကို တက်​​ရောက်​ခွင့်​ပြုမည်​ ဖြစ်​သည့်​အတွက်​ နှစ်​ပွဲနိုင်​ရမှတ်​ ၆ မှတ်​ရရှိထားသည့်​ မဟာ နှင့်​ United of Thanlyin တို့သည်​ မြန်​မာနိုင်​ငံ ​ဘောလုံးအဖွဲ့ချုပ်​မှ သတ်​မှတ်​ထားသည့်​ အရည်​အချင်းများ ပြည့်​မီလျှင်​ တက်​​ရောက်​ခွင့်​ရမည်​ဖြစ်​သည်​။

comments

error: Content is protected !!