ဘရာဇီးနည်းပြချုပ်​တစ်​ဦး ရှမ်းယူနိုက်​တက်​ ခန့်​အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နည်းစနစ်ဒါရိုက်တာ ဦးစိုးမြတ်မင်းနှင့်အတူတွေ့ရသည့် နည်းပြချုပ်သစ် ရူသာ

အောင်သော်ဖြိုး။
ဇန်​နဝါရီ ၅။

၂၀၁၆ ​ဘောလုံးရာသီတွင်​ ​အောင်​မြင်​မှုရရှိရေးအတွက်​ ပြင်​ဆင်​မှုများပြုလုပ်​​နေသည့်​ ရှမ်းယူနိုက်​တက်​ (ယခင်​က​မ္ဘောဇအသင်း) နည်းပြချုပ်​ရာထူးအတွက်​ ဘရာဇီးလိဂ်​နှင့်​ ထိုင်းလိဂ်​ တို့တွင်​ နည်းပြတာဝန်ယူ​ဖူးသည့်​ ဘရာဇီးလူမျိုး ရူသာကို ​၁ နှစ်စာချုပ်​ ချုပ်​ဆိုခဲ့​ကြောင်း ​​​​ရှမ်းယူနိုက်​တက်​ မီဒီယာတာဝန်​ခံ ဦး​အောင်​ပိုင်​က ​ပြောကြားခဲ့သည်။

ရှမ်းယူနိုက်​တက်နည်းပြချုပ်​ မိုရီရာရူသာသည်​ ဂိုးသမားဘဝမှ နည်းပြဘဝသို့ပြောင်းလဲ​ခဲ့သူဖြစ်​ပြီး ၂၀၁၄ ခုနှစ်​က ထိုင်းပရီးမီးယားလိဂ်​ TOT တွင်​ လက်​​ထောက်​နည်းပြအဖြစ်​​ဆောင်​ရွက်​ခဲ့သည်​။

ယခုကဲ့သို့ နည်းပြချုပ်အသစ်ခန့်အပ်လိုက်ခြင်းကြောင့် ရှမ်းယူနိုက်​တက်​၏ ကစားသမားသစ်​ခေါ်ယူမှုများနှင့်​ ​ခြေစမ်းပွဲများ တာဝန်​ယူ​ဦးဆောင်​​နေသည့်​ ဦးစိုးမြတ်​မင်းအား နည်းစနစ်​ဒါရိုက်​တာ ရာထူးသို့ ​ပြောင်းလဲတာဝန်​ယူ​စေမည်​ဟု သိရသည်​။

ရှမ်းယူနိုက်တက်သည်​ မြန်​မာ့လက်​​ရွေးစင်​ ဂိုးနည်းပြ ဦး​အောင်​သက်​ နှင့်​ ထိုင်းကြံ့ခိုင်​​ရေးနည်းပြ ပိုကတ် တို့ကိုလည်း ​ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

ရှမ်းယူနိုက်​တက်​သည် ၂၀၁၆ ​ဘောလုံးရာသီအတွက်​ နည်းစနစ်ဒါရိုက်တာအဖြစ် ဦးစိုးမြတ်မင်း၊ နည်းပြအဖွဲ့ဝင်​များအဖြစ်​ နည်းပြချုပ်​ မိုရီရာရူသာ၊ လက်​​ထောက်​နည်းပြ ဦးမင်း​ဇော်​ဦးနှင့်​ ဦးဟန်​ဝင်း​အောင်​၊ ကြံ့ခိုင်​​ရေးနည်းပြပိုကတ်​တို့က​ ဆောင်​ရွက်​မည်​ဖြစ်​သည်​။

comments

error: Content is protected !!