ဖလားယူပြီး အထုတ်ခံရမည်ကို ပိုမိုသဘောကျဟု ပယ်လီဂရီနီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဖလားယူပြီးအထုတ်ခံရမည်ကို ပိုမိုသဘောကျသည့် ပယ်လီဂရီနီ

မန်စီးတီးနည်းပြ ပယ်လီဂရီနီက ယခုရာသီအကုန်တွင် ၎င်း၏ရာထူးနှင့်ပတ်သက်၍ ဖြစ်လာနိုင်ခြေရှိသည်များကို လက်ခံထားကြောင်း ဖွင့်ဟခဲ့သည်။

ထိုနည်းပြက ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားရခဲ့လျှင် သို့မဟုတ် ထို့ထက်ပိုသည့် အောင်မြင်မှုများရခဲ့လျှင်လည်း မန်စီးတီးမှထွက်ခွာရနိုင်ခြေရှိကြောင်းကို နားလည်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်စီးတီးမှာ ဘိုင်ယန်မြူးနစ်မှ ရာသီကုန်တွင်ထွက်ခွာတော့မည့် ဂွါဒီယိုလာကို ဆက်သွယ်လျက်ရှိပြီး ပရီးမီးယားလိဂ်တွင် နည်းပြတာဝန်ယူလိုသည်ဟု ဂွါဒီယိုလာက နောက်ဆုံးပြောကြားမှုကြောင့် မန်စီးတီးနည်းပြရာထူးတွင် ပယ်လီဂရီနီအတွက် သေချာမှုမရှိတော့ကြောင်း သတင်းများပိုမိုထွက်ပေါ်လာသည်။

ပယ်လီဂရီနီက”ကျွန်တော်တွေးမိတာကတော့ ဒီအသင်းနဲ့ ၅ နှစ်သက်တမ်းတိုးပြီး ဖလားမရတာမျိုးလိုချင်လား၊ ဒါမှမဟုတ် ဖလားယူပြီး အထုတ်ခံမလားဆိုရင်တော့ ဖလားယူပြီးပဲ အထုတ်ခံလိုက်ပါမယ်။ နည်းပြအနေနဲ့ အဓိကပန်းတိုင်က ဖလားရဖို့ပဲဖြစ်လို့ ကျန်တာတွေက အရေးမပါပါဘူး”ဟု ဆိုသည်။

မန်စီးတီးမှာ လက်ရှိအချိန်တွင် ဖလား၎ လုံးလမ်းကြောင်းပေါ်၌ ဆက်လက်ရှိနေပြီး ယနေ့ညတွင် အဲဗာတန်နှင့် ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပထမအကျော့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စနေနေ့တွင် နောဝစ်ခ်ျနှင့် အက်ဖ်အေဖလားပွဲစဉ် ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!