ဇာတ်မင်းသားဖိုးချစ်၏ မဟာယူနိုက်တက် ခြေစစ်ပွဲ ပွဲဦးထွက် အနိုင်ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မဟာယူနိုက်တက် နည်းပြချုပ် ဦးဇော်လင်းထွန်း

အောင်သော်ဖြိုး။
ဇန်နဝါရီ ၅။

မြန်မာနေရှင်နယ်လိဂ် ၂ ဝင်ခွင့်အတွက် အသင်းသစ်များခြေစစ်ပွဲအဖြစ် သန်လျင်နည်းပညာတက္ကသိုလ်ကိုယ်စားပြု သီဟဒီပအသင်းနှင့် ဇာတ်မင်းသားဖိုးချစ်၏ မဟာယူနိုက်တက်တို့ ဇန်နဝါရီလ ၅ရက် ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့ကြရာ မဟာယူနိုက်တက်က ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မဟာယူနိုက်တက်သည် ပထမပိုင်း မိနစ် ၃၀ တွင် သိန်းကျော်ဌေး သွင်းယူခဲ့သည့် ဂိုးဖြင့် အဖွင့်ဂိုး ရရှိခဲ့ပြီး ပထမပိုင်းပြီးဆုံးခဲ့ကာ ဒုတိယပိုင်းစပြီးမကြာမီ ပွဲချိန် ၅၂ မိနစ်တွင် စိုးညီညီလွင်က မဟာယူနိုက်တက်အတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီးနောက် မဟာယူနိုက်တက် ကစားအားကျသွားပြီး သီဟဒီပက ပိုမိုဖိကစားလာရာ ပွဲချိန် ၈၅မိနစ်တွင် သီဟဒီပယူနိုက်တက်မှ အောင်ဆန်းလင်း က သီဟဒီပအသင်းအတွက် ပထမဆုံးဂိုး သွင်းယူခဲ့သော်လည်း မကြာမီ ပွဲချိန်ပြီးဆုံးခဲ့သဖြင့် သီဟဒီပအသင်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မဟာယူနိုက်တက်သည် ပွဲစဉ်တစ်လျှောက် ရရှိခဲ့သည့် ဂိုးပေါက် ကန်သွင်းမှု ၇ ကြိမ်တွင် ၂ ဂိုးရရှိခဲ့ပြီး တိုက်စစ်ပိုင်း အားသာချက်ကြောင့် အနိုင်ရခဲ့သည် ဟု မဟာယူနိုက်တက်နည်းပြချုပ် ဦးဇော်လင်းထွန်းက ဆိုသည်။

သီဟဒီပအသင်းသည် ဒုတိယပွဲစဉ်အဖြစ် United of Thanlyin နှင့်လည်းကောင်း၊ မဟာယူနိုက်တက်အသင်းသည် စီးတီးစတားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

comments

error: Content is protected !!