ဒဏ်ရာပြဿနာများကြောင့် အပြောင်းအရွှေ့ကာလတွင် လီဗာပူးလှုပ်ရှားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
STOKE ON TRENT, ENGLAND - JANUARY 05:  Philippe Coutinho of Liverpool reacts after going down with an injury during the Capital One Cup semi final, first leg match between Stoke City and Liverpool at the Britannia Stadium on January 5, 2016 in Stoke on Trent, England.  (Photo by Gareth Copley/Getty Images)
စတုတ်စီးတီးနှင့်ပွဲစဉ်တွင် ဒဏ်ရာရခဲ့သည့် ကော်တင်ညို

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က စတုတ်စီးတီးနှင့် ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့တွင် ကစားသမားများဒဏ်ရာရရှိခဲ့သဖြင့် အပြောင်းအရွှေ့လှုပ်ရှားမှုများ မဖြစ်မနေလုပ်ရတော့မည်ဟု ၀န်ခံပြောကြားခဲ့သည်။

ထိုပွဲစဉ်တွင် ကော်တင်ညိုနှင့် လိုဗရန်တို့မှာ တံကောက်ကြောဒဏ်ရာများကို ပွဲကစားနေချိန်ရရှိခဲ့ပြီး ကိုလိုတိုရေးမှာလည်း ၁-၀ ဖြင့် အနိုင်ရသည့် ပွဲပြီးဆုံးချိန်တွင် အလားတူဒဏ်ရာရခဲ့ကြောင်း သိရှိခဲ့ရသည်။

ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်ဝယ်ယူမည်မဟုတ်ဟု ပြောကြားထားသည့် ကလော့ပ်က”ဒီကိစ္စကို စဉ်းစားမှဖြစ်ပါတော့မယ်။ တစ်ဖက်ကကြည့်တော့ အသင်းကစားပုံက အရမ်းအရမ်းကောင်းနေပြီးမှ ဒီလိုဒဏ်ရာတွေရကုန်တာတော့ ထူးဆန်းလွန်းနေတယ်ဗျာ။ လွန်ခဲ့တဲ့ ၂ ပတ်က ဗဟိုခံစစ်မှူး ၃ ယောက်ရှိလို့ အရမ်းကောင်းတဲ့အနေအထားဖြစ်ခဲ့တယ်။ ရာသီအစတုန်းက ၅ ယောက်ရှိခဲ့တယ်။ အခုတော့ တစ်ယောက်မှ မကျန်တော့ဘူး”ဟု ပြောကြားခဲ့သည်။

လီဗာပူးမှာ လိုဗရန်နှင့် တိုရေးတို့ဒဏ်ရာရသွားသဖြင့် စကာတယ်၊ ဆာခိုတို့ အနားယူနေရသည့် အသင်းနောက်တန်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် ဗဟိုနောက်ခံလူတစ်ဦးမှ မရှိတော့ချေ။

comments

error: Content is protected !!