အင်္ဂလန်တွင် နည်းပြတာဝန်ယူလိုဟု ဂွါဒီယိုလာဝန်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဂွါဒီယိုလာ

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အင်္ဂလန်တွင်နည်းပြတာဝန်ယူရန်အတွက် လက်ရှိရာထူးမှထွက်ခွာခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါဘာစီလိုနာနည်းပြဟောင်းသည် ယခုရာသီကုန်တွင် ကုန်ဆုံးမည့် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်တော့မည်မဟုတ်ဟု ကြေညာထားသူဖြစ်ကာ ၎င်းအား မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့က စိတ်ဝင်စားနေသည်။

“မနေဖူးတဲ့မြို့သစ်တစ်မြို့မှာ အတွေ့အကြုံရချင်တယ်။ အင်္ဂလန်မှာ အလုပ်လုပ်ချင်တယ်။ အင်္ဂလန်ကကမ်းလှမ်းမှုတချို့ရထားပေမယ့် စာချုပ်လက်မှတ်ထိုးထားတာတော့ မရှိပါဘူး။ အင်္ဂလန်မှာအလုပ်လုပ်လို့ရမယ့် အခွင့်အရေးတစ်ခု ကျွန်တော်ရထားတယ်။ ကျွန်တော့်အသက်အရွယ်နဲ့ အချိန်အခါအရ အဲဒီကိုပြောင်းဖို့ အကောင်းဆုံးပါပဲ။ အဲဒါကြောင့် ဘိုင်ယန်နဲ့သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ဂွါဒီယိုလာက ဆိုသည်။

ဘိုင်ယန်မြူးနစ်အမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီက ဂွါဒီယိုလာမှာ မည်သည့်အသင်းကိုပြောင်းရွှေ့မည်ကို ဆုံးဖြတ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုခဲ့ဖူးသော်လည်း ဂွါဒီယိုလာက မဆုံးဖြတ်ရသေးကြောင်းပြောကြားပြီး ငြင်းဆိုခဲ့သည့်အပြင် ၎င်း၏နေရာတွင် အန်စလော့တီအား အစားထိုးခန့်အပ်ခြင်းမှာ မှန်ကန်သည့်ရွေးချယ်မှုဟု ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!