၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ For sports ရုပ်သံလိုင်းမှ ပြသမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နေရှင်နယ်လိဂ်ရာသီအဖွင့် ချာရတီဖလားပွဲမှ ရန်ကုန်ယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားနေစဉ်

အောင်သော်ဖြိုး။
ဇန်နဝါရီ ၄။

ဇန်နဝါရီလ ၉ရက်နေ့တွင် စတင်တော့မည့် မြန်မာနေရှင်နယ်လိဂ်၂၀၁၆ ဘောလုံးပွဲစဉ်များကို Forever Media Group ပိုင် အခပေးရုပ်သံလိုင်းဖြစ်သည့် For Sports ရုပ်သံလိုင်းတွင်ပြသသွားမည် ဟု မြန်မာနေရှင်နယ်လိဂ် COO ဦးစိုးမိုးကျော်က ပြောကြားလိုက်သည်။

“အခပေးရုပ်သံလိုင်းကပဲ ပြဖြစ်တော့မှာပါ။ အဖွင့်ပွဲ ရခိုင်-ဆောက်သမ်း ပွဲစဉ်ကိုတော့ တိုက်ရိုက်ပြသွားမှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနေရှင်နယ်လိဂ်ကို ကွင်းအတွင်း လာရောက်ကြည့်ရှုသူနည်းပါးသည့်အတွက် ရုပ်သံလိုင်းများမှ ပြသပေးနိုင်လျှင် ပရိသတ်များ၏ စိတ်ဝင်စားမှု ပိုမိုမြင့်တက်နိုင်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက သုံးသပ်ခဲ့သည်။

“Free to air လိုင်းတွေက ပြနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သူများလိဂ်တွေမှာ ရုပ်သံထုတ်လွင့်ကြေးတွေ အများကြီးရနေပေမယ့် ကိုယ်တွေဆီမှာ တောင်းတောင်းပန်ပန်နဲ့ ပြခိုင်းနေရတယ်။ လိဂ်အောင်မြင်မှုကြောင့်လည်း ပါပါတယ်”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၂၊ ၂၀၁၃၊၂၀၁၄ ပွဲစဉ်များကိုလည်း Forever Media Group က ထုတ်လွှင့်ပြသခဲ့ဖူးပြီး ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်အတွက် စာချုပ်ထပ်မံချုပ်ဆိုခြင်းမရှိခဲ့သည့်အတွက်၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အချို့ကို MWD Documenty လိုင်းမှ ပြသပေးခဲ့သည်။

comments

error: Content is protected !!