မန်ယူကစားဟန်မှာ Adidas က မြင်တွေ့လိုသည့်ပုံစံမဟုတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူအဓိက ကစားသမား မာတာနှင့် ရွန်နီ

မန်ယူ၏ ကစားဟန်မှာ မိမိတို့မြင်တွေ့လိုသောပုံစံမဟုတ်ကြောင်း မန်ယူဂျာစီစပွန်ဆာကုမ္ပဏီ Adidas အမှုဆောင်အရာရှိချုပ်က ထုတ်ဖော်ပြောကြားလိုက်သည်။

ဂျာမနီအားကစားအသုံးအဆောင်ကုမ္ပဏီသည် ယခုဘောလုံးရာသီအစတွင် မန်ယူအား တစ်နှစ်လျှင် ပေါင် ၇၅ သန်းဖြင့် စပွန်ဆာပေးခဲ့ခြင်းဖြစ်ပြီး Adidas အမှုဆောင်အရာရှိချုပ် ဟားဘတ်ဟိုင်နာက မန်ယူနှင့်လက်တွဲရသည်မှာ အဆင်ပြေသော်လည်း အသင်းကစားပုံအပေါ် ကျေနပ်အားရမှုအပြည့်မရှိဟု ထုတ်ဖော်ခဲ့သည်။

မန်ယူမှာ Adidas နှင့် ပေါင် သန်း ၇၅၀ တန်ဖိုးရှိသည့် စံချိန်တင်စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး ဟိုင်နာက”ဂျာစီတွေက ထင်ထားတာထက် ပိုရောင်းရပါတယ်။ ပြည်ပရှယ်ယာက ၆၀ ရာခိုင်နှုန်းရှိတယ်။ မန်ယူရဲ့ကစားပုံက ကျွန်တော်တို့မြင်ချင်တဲ့အတိုင်းမဟုတ်ပေမယ့် ကျေနပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!