ဘင်နီတက်ဇ်ကိုထုတ်ပယ်ပြီး ဇီဒန်းကို နည်းပြအဖြစ် ရီးရဲလ်ခန့်အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နည်းပြသစ်အဖြစ်ခန့်အပ်မှု ကြေညာသည့်အခမ်းအနားတွင် ပီရက်ဇ်နှင့် ဇီဒန်းအားတွေ့ရစဉ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်သည် နည်းပြဘင်နီတက်ဇ်အားခန့်အပ်ပြီး ၇ လအကြာတွင် ရာထူးမှထုတ်ပယ်လိုက်ကာ အသင်းဂန္ထ၀င်ဇီဒန်းအား နည်းပြအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရသည်။

စပိန်လူမျိုး အသက် ၅၅ နှစ်အရွယ် ဘင်နီတက်ဇ်မှာ တနင်္လာနေ့တွင် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ပြီးနောက် ရာထူးမှထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပြီး ရီးရဲလ်(ခ)အသင်းနည်းပြ အသက် ၄၃ နှစ်အရွယ် ဇီဒန်းကို အသင်းကြီးနည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ပြင်သစ်လက်ရွေးစင်နှင့် ရီးရဲလ်ကစားသမားဟောင်း ဇီဒန်းက”ဒီအလုပ်ကို ကျွန်တော့်စိတ်ရော ကိုယ်ပါနှစ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်သွားပါမယ်”ဟု ပြောကြားခဲ့သည်။

ဘင်နီတက်ဇ်သည် ဗလင်စီယာနှင့် ၂-၂ သရေကျခဲ့သည့် လာလီဂါပွဲစဉ်ကို နောက်ဆုံးကိုင်တွယ်ခဲ့ခြင်းဖြစ်ကာ အသစ်ခန့်အပ်လိုက်သည့် ဇီဒန်းမှာ ကလပ်ဥက္ကဋ္ဌပီရက်ဇ်၏ ၁၂ ကြာ ၂ ကျော့ပြန် ဥက္ကဋ္ဌသက်တမ်းအတွင်း ၁၁ ဦးမြောက်ခန့်အပ်ခံရသည့် နည်းပြဖြစ်လာကာ ၎င်းနှင့်ချုပ်ဆိုသည့် စာချုပ်သက်တမ်းကာလကို လူသိရှင်ကြားထုတ်ဖော်ကြေညာခြင်းမရှိခဲ့ပေ။

ဇီဒန်းမှာ အသင်းကြီးနည်းပြအဖြစ် ဒီပို့တီဗိုနှင့်ကစားရမည့် စနေနေ့လာလီဂါပွဲစဉ်ကို ပထမဆုံးကိုင်တွယ်ရမည်ဖြစ်သည်။

ဘင်နီတက်ဇ်၏ ရီးရဲလ်နည်းပြဘ၀မှတ်တမ်း
ရာသီ        ကိုင်တွယ်သည့်ပွဲ        နိုင်    သရေ    ရှုံး    အနိုင်ရာခိုင်နှုန်း
၂၀၁၅-၁၆        ၂၅            ၁၇      ၅    ၃        ၆၈

comments

error: Content is protected !!