ဆန်းဒါးလန်းနှင့် အက်ဖ်အေပွဲစဉ်တွင် အဓိက ကစားသမားများကို အာဆင်နယ်အနားပေးဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နယူးကာဆယ်နှင့်ပွဲစဉ်တွင် အောင်ပွဲခံနေသည့် အာဆင်နယ်ကစားသမားများ

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ပရီးမီးယားလိဂ်ဖလားအား ယခုရာသီတွင်ဆွတ်ခူးနိုင်ရေးအတွက် ကစားသမားများ၏ ယခုရက်သတ္တပတ်လေ့ကျင့်ရေးအချိန်ဇယားအား ပြောင်းလဲဖွယ်ရှိနေကြောင်း သိရှိရသည်။

အာဆင်နယ်မှာ ပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယားအားဦးဆောင်နေပြီး အာစင်ဝင်းဂါးက ၎င်း၏ကစားသမားများ ပွဲပန်းမှုမရှိစေရန် ယခုတစ်ပတ်အတွင်း အနားရရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ဝင်းဂါးမှာ စနေနေ့က နယူးကာဆယ်ကို ကျဉ်းမြောင်းသည့်ရလဒ်ဖြင့် အနိုင်ရခဲ့ပြီးနောက် အသင်းသားများကို ၂ ရက်တာ အနားယူခွင့်ပေးခဲ့ပြီး လာမည့်ရက်အနည်းငယ်အတါင်း အခြေအနေအပေါ်မူတည်၍ ကစားသမားများ၏ လေ့ကျင့်ခန်းအစီအစဉ်ကို ပြောင်းလဲပေးသွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် အဓိကကွင်းလယ်လူအိုဇဲလ်အား ပွဲပန်းဒဏ်မခံစားရစေရန် လေ့ကျင့်ခန်းဆင်းချိန်လျော့ချပေးထားပြီး စနေနေ့ ဆန်းဒါးလန်းနှင့်ပွဲတွင်လည်း ပုံမှန်ပွဲထွက်ကစားသမားများကို အနားပေးကာ အော့စ်ပီနာ၊ ကာလမ်ချိန်ဘာ၊ အိုင်ဝိုဘီနှင့် အဒီလိုင်ဒီတို့ကို ပွဲထွက်စေဖွယ်ရှိနေသည်။

ဆန်းချက်ဇ်မှာလည်း တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာကာ ဆန်းဒါးလန်းနှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိသော်လည်း လာမည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့တွင်ကစားမည့် လီဗာပူးနှင့်ပွဲစဉ်တွင်မှ ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားရဖွယ်ရှိသည်။

ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် အနားပေးခံရမည့်ကစားသမားစာရင်း၌ပါဝင်သော ၀ဲလ်ကော့က ၎င်းတို့အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟုယုံကြည်ကြောင်း ဖွင့်ဟ၀န်ခံထားသည်။

comments

error: Content is protected !!