ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို အလာဒိုက်စ်ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကိုဝေဖန်လိုက်သည့် အလာဒိုက်စ်

ဆန်းဒါးလန်းနည်းပြ အာဒိုက်စ်က ပရီးမီးယားလိဂ်မှာ အက်ဖ်အေကို တန်ဖိုးကျအောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲပြောကြားလိုက်သည်။

ပရီးမီးယားလိဂ်ကလပ်များမှာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များကို ယခုတစ်ပတ် စနေ၊ တနင်္ဂနွေတွင်ကစားပြီး အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာဟု အလာဒိုက်စ်က ဝေဖန်ခဲ့သည်။

“အာဆင်နယ်နဲ့ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ လူစာရင်းအပြောင်းအလဲလုပ်ရတော့မယ်။ ကျွန်တော်တို့က ကစားသမားတွေကို နှိပ်စက်နေတာပဲ။ တစ်နှစ်ထက်တစ်နှစ် ဒဏ်ရာရတဲ့သူတွေ ပိုများလာပေမယ့် ပရီးမီးယားလိဂ်ကတော့ မသိချင်ယောင်ဆောင်နေတယ်”ဟု အလာဒိုက်စ်က ဆိုသည်။

ဆန်းဒါးလန်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့် ၁၉ သို့ရောက်ရှိနေပြီး စနေနေ့တွင် အာဆင်နယ်နှင့် အက်ဖ်အေဖလား အဝေးကွင်းပွဲကစားရမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် တန်းဆင်းဇုန်မှ ဆွမ်ဆီးနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် နွှဲရမည်ဖြစ်သည်။

“ပရီးမီးယားလိဂ်က ပွဲစဉ်တွေကို မလိုအပ်ဘဲနဲ့ ကြားရက်မှာကစားခိုင်းတော့ ကျွန်တော်လည်း လူစာရင်းအပြောင်းအလဲလုပ်ရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး။ အက်ဖ်အေဖလားကို လေးလေးစားစားနဲ့ကစားစေချင်ရင် နှစ်သစ်ကူးကာလအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကြားရက်မှာ မကစားခိုင်းပါနဲ့။ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်အပြောင်းအလဲလုပ်တဲ့အခါ ကျွန်တော့်ကို မဝေဖန်ပါနဲ့။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကိုပဲ ဝေဖန်ပါ။ နည်းပြတွေကိုတော့ မဝေဖန်ကြပါနဲ့”ဟု အလာဒိုက်စ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဆွမ်ဆီးနှင့်ပွဲစဉ်ကို မူလက အင်္ဂါနေ့တွင်ကစားရန်သတ်မှတ်ထားသော်လည်း ဆွမ်ဆီးမှာ တနင်္ဂနွေနေ့တွင် အောက်စ်ဖို့ဒ်ယူနိုက်တက်နှင့် အက်ဖ်အေပွဲစဉ်ကစားရမည်ဖြစ်၍ တစ်ရက်နောက်ဆုတ်ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့နောက်ဆုတ်ခဲ့ခြင်းအတွက် ထပ်မံကစားရမည့် ဇန်န၀ါရီ ၁၆ ရက် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် စပါးနှင့်ပွဲမှာ ဒေသစံတော်ချိန် နေ့လယ်စာစားချိန်ဖြစ်နေ၍ အလာဒိုက်စ်က ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“အင်္ဂါနဲ့ စနေမှာ ကစားရတာထက် ဗုဒ္ဓဟူးနဲ့ စနေမှာ ကစားရတာက ပရီးမီးယားလိဂ်ရမှတ်တွေရဖို့ ပိုခက်သွားတယ်။ အဝေးကွင်း ၃ ပွဲဆက် ကစားရမှာဖြစ်လို့ သွားရမယ့်ခရီးက မိုင် ၂၀၀၀ လောက်ရှိပြီး နေ့လယ်စာစားချိန်မှာ ကန်ရမှာမို့လို့ စပါးနဲ့ပွဲအတွက် ပြင်ဆင်ချိန်က ၃ ရက်တောင် မရပါဘူး”ဟု အလာဒိုက်စ်က ထောက်ပြဝေဖန်သွားသည်။

comments

error: Content is protected !!