ခြေစမ်းပွဲ ပွဲရပ်နားရခြင်းမှာ ဒိုင်များ၏ မသိကျိုးကျွံပြုခြင်းကြောင့်ဟု ဇွဲကပင် အသင်းပိုင်ရှင် ၏ ဖေ့ဘုတ်တွင် ရေးသား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ဦးလှဌေး ဖေ့ဘုတ်မှ ရေးသားဖော်ပြချက်
ဦးလှဌေး ဖေ့ဘုတ်မှ ရေးသားဖော်ပြချက်

ဇွဲကပင်နှင့် ရတနာပုံ အသင်း ခြေစမ်းပွဲတွင် ၄၅ မိနစ်၌ နှစ်ဖက် ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ပွဲရပ်နားခဲ့ရခြင်းမှာ ရတနာပုံ ကစားသမား အချို့ ကြမ်းရမ်းနေမှန်းသိလျက် မသိကျိုးကျွံပြုနေခဲ့ခြင်းမှ ပြဿနာများ ဖိတ်ခေါ်သလို ဖြစ်ခဲ့ကြောင်း ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးက ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ဖော်ပြောခဲ့သည်။

ဇွဲကပင် ရတနာပုံ အသင်း ခြေစမ်းပွဲကို ဇန်န၀ါရီလ ၂ ရက်နေ့ ညနေတွင် ဇွဲကပင် ယူနိုက်တက် အသင်းပိုင် နဝဒေး ဘောလုံးကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပွဲစဉ်အား ၄၅ မိနစ်တွင် ရပ်နား ဖျက်သိမ်းခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် ” နှစ်ဖက် ကစားသမား အချင်းများမှုကြောင့် ဇွဲကပင် ယူနိုက်တက်အသင်း နှင့်ခြေစမ်းပွဲအားဖျက်သိမ်းခဲ့ ” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ရတနာပုံ အသင်း၏ တရားဝင် ဖေ့ဘုတ် စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် တစ်ရက် အကြာတွင် ဇွဲကပင် ယူနိုက်တက် အသင်း ပိုင်ရှင် ဦးလှဌေးက အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်း ဖော်ပြခဲ့သည်။

” ဒီပြသနာကို ဘောလုံးနဲ့မပတ်သက်တဲ့ မိမိကုမ္ပဏီဝန်ထမ်းအချို့ကို မေးမြန်းကြည့်တဲ့အခါ ရတနာပုံနောက်တန်း မွန်ကီး က ကိုယ့်အသင်းက ကစားသမားဂျူနီယာရဲ့မျက်နှာကို၃၊ ၄ခါလောက်ပြေးရင်းဖြတ်ဖြတ်ရိုက်တယ် ပြောပါတယ်၊ ပြသနာဖြစ်မဲ့ နောက်ဆုံးတစ်ချက်မျက်နှာ ရိုက်ချက်ကပြင်းလို့ ဂျူနီယာနှုတ်ခမ်းကွဲ သွားတယ်တဲ့၊ ဒါနဲ့ဂျူနီယာက မခံနိုင်လို့ ထထိုးရင်းနဲ့ပြဿနာ စဖြစ်တယ်လို့သိရပါတယ်။ ဒါကိုကောင်းစည်သူက ဒီကောင် မိုက်ရိုင်းတယ်ဝိုင်းဆော်ပြစ်လို့ ပြောတာကို တဖက်လူငယ်ကစားသမား ရဲကိုဦးက ကောင်းစည်သူကို မချေမငံပြန်ပြောကြရင်းနဲ့ ကောင်းစည်သူနဲ့ ရဲကိုဦး ရန်ဖြစ်ကြရာကနေ နှစ်ဖက်ကစားသမားတွေတော်တော်လေးရုတ်ရုတ် သည်းသည်း ဖြစ်သွားကြတယ်လို့သိရှိရပါတယ်၊ ဒိုင် အနေနဲ့ ရတနာပုံက နောက်တန်းကြမ်းရမ်းနေမှန်းသိရက်နဲ့ မသိကျိုးကျွံပြုနေတာကလည်းပြသနာတွေကို ဖိတ်ခေါ်နေသလိုဖြစ်နေပါတယ်” ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးလှဌေးက ရှင်းလင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ဦးလှဌေးက ဒိုင်အဖွဲ့ချုပ်နှင့် ဒိုင်အဖွဲ့တိုသည့် ရတနာပုံ အသင်းကို မျက်နှာသာ လိုက်မှု များ ရှိနေသည်ဟု အဆိုပါ ဖော်ပြမှုတွင် ရေးသားထားသည်။

” ပြစ်ဒဏ်ပေးရင်လဲရတနာပုံတော့လျော့ပေါ့၊ ကျန်အသင်းတော့ စာအုပ်အတိုင်းပဲ ဆိုတဲ့ အယူအဆတွေပြင်ကြပါတော့၊ နှစ်သစ်နဲ့အတူနှစ်ဟောင်းက အယူအဆတွေ ထားခဲ့လိုက်ကြတော့။ ရတနာပုံအသင်းပိုင်ရှင်ရဲ့အဓိကလုပ်ငန်း ကုမ္ပဏီတခုမှာ ဒိုင်အဖွဲ့တာဝန်ယူထားတဲ့ လူအချို့ရဲ့ဇနီးအချို့ အလုပ်လုပ်နေလို့ ဒီအသင်းဆိုမျက်နှာသာပေးနေရတယ်ဆိုတဲ့ အပြောအဆိုတွေကြားနေရ တာလဲကြာပါပြီ ဟု ဖော်ပြထားသည်။

comments

error: Content is protected !!