မက္ကလာရင်ကို နယူးကာဆယ်အချိန်ပေးသင့်ဟု ၀င်းဂါးတိုက်တွန်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မက္ကလာရင်နှင့် ၀င်းဂါးအား ၂၀၀၈ ခုနှစ်က အတူတွေ့ရစဉ်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ယနေ့ညရင်ဆိုင်ရမည့် နယူးကာဆယ်အသင်းအား လက်ရှိနည်းပြဖြစ်သူ မက္ကလာရင်ကို ယုံကြည်မှုအပြည့်ဖြင့် အချိန်ပေးသင့်ကြောင်း တိုက်တွန်းလိုက်သည်။

အင်္ဂလန်နည်းပြဟောင်း မက္ကလာရင်မှာ ပြီးခဲသည့်နွေရာသီက နယူးကာဆယ်နည်းပြဖြစ်လာခဲ့သော်လည်း ရလဒ်ကောင်းရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ယနေ့ညတွင် အမ်းမရိတ်စ်ကွင်းသို့ တန်းဆင်းဇုန်ရောက်အသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လီဗာပူး၊ စပါးတို့ကို အနိုင်ယူနိုင်ခဲ့သော်လည်း ဖိအားများနေသည့် အသက် ၅၄ နှစ်အရွယ် မက္ကလာရင်နှင့်ပတ်သက်ပြီး အာစင်ဝင်းဂါးက”သူက အခုမှ ဒီအသင်းကိုတာဝန်ယူတာပဲ။ နယူးကာဆယ်က အသင်းကြီးတစ်သင်းဖြစ်လို့ မက္ကလာရင်လိုနည်းပြအတွက် ရင်ခုန်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒီအလုပ်က ရေရှည်လုပ်ရမယ့်အလုပ်ပါ။ နယူးကာဆယ်က အလားအလာအများကြီးရှိတယ်။ အသင်းတစ်သင်းကို ၆ လအတွင်းမှာ ပရီးမီးယားလိဂ်ဖလားရနိုင်တဲ့ခြေစွမ်းမျိုးရအောင် ပြောင်းဖြစ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ သူ့ကို အချိန်ပေးလိုက်ပါ။ ကျွန်တော်တို့လောကမှာ စိတ်ရှည်မှုက မရှိမဖြစ်အရည်အသွေးမဟုတ်ပေမယ့် အောင်မြင်မှုရဖို့အတွက်တော့ အဲဒီအရည်အသွေးကို လိုအပ်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!