တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူရန် ဗန်ဟားလ်စဉ်းစားနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တိုက်စစ်မှူးတစ်ဦးလိုအပ်သည်ဟု ၀န်ခံခဲ့သည့် ဗန်ဟားလ်

မန်ယူနည်းပြ လူးဝစ်ဗန်ဟားလ်သည် မန်ယူ၏ဂိုးခမ်းခြောက်မှု ဆက်လက်ဖြစ်ပွားနေလျှင် ၎င်း၏အယူအဆများကို ချိုးဖျက်ကာ ယခုလအတွင်း တိုက်စစ်မှူးတစ်ဦး အရေးပေါ်ခေါ်ယူရန်အတွက် စဉ်းစားနေကြောင်း သိရှိရသည်။

ဗန်ဟားလ်မှာ ဗန်ပါစီ၊ ဖယ်လ်ကာအိုနှင့် ဟာနန်ဒက်ဇ်တို့ကို ပြီးခဲ့သည့်နွေရာသီက အသင်းမှထွက်ခွာခွင့်ပေးခဲ့ပြီးနောက် မန်ယူမှာ နောက်ဆုံးပရီးမီးယားလိဂ် ၂၅ ပွဲတွင် ၂၅ ဂိုးသာ သွင်းယူထားနိုင်သည်။

၎င်း၏အသင်းတွင် တိုက်စစ်မှူးအဖြစ်ကျန်ရှိနေသော ကစားသမား ၂ ဦးမှာလည်း ဂိုးရရန်ရုန်းကန်နေရပြီး ရွန်နီမှာ နောက်ဆုံး ၁၁ ပွဲတွင် ၁ ဂိုးသာသွင်းယူထားကာ ပေါင် ၃၆ သန်းတန် မာရှယ်မှာလည်း ၁၈ ပွဲတွင် ၃ ဂိုးသာ သွင်းယူပေးထားသည်။

မန်ယူတိုက်စစ်ဂိုးပေါက်ပျောက်နေခြင်းနှင့်ပတ်သက်ပြီး ဗန်ဟားလ်က”ကျွန်တော်တို့က ဖြေရှင်းနည်းတွေကို အမြဲရှာနေတာပါ။ ပိုက်ဆံနဲ့ ဖြေရှင်းနိုင်သလို လေ့ကျင့်ရေးကွင်းကနေလည်း ဖြေရှင်းနိုင်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ဂိုးသွင်းနိုင်တဲ့အရည်အသွေးရှိပေမယ့် လောလောဆယ်မှာ ပြင်ဆင်ဖို့လိုအပ်နေတဲ့ ကိုယ်ကိုယ့်ကိုယ်ယုံကြည်မှုကင်းမဲ့နေတယ်။ ဒါမှမဟုတ် တိုက်စစ်မှူးတစ်ဦးထပ်ဝယ်ရမယ်။ နွေရာသီတုန်းက တိုက်စစ်မှူးကို ဆက်မခေါ်ထားဘူးဆိုတာက အသင်းမှာတိုက်စစ်သမားတွေ များနေလို့ပါ။ အဲဒါဆို သူတို့ပျော်မှာမဟုတ်ဘူး။ သူတို့လည်း အသင်းပြောင်းချင်တယ်လေ။ ဟာနန်ဒက်ဇ်က အဲဒီလိုဖြစ်သွားတာပါ။ အရည်အသွေးမြင့်တဲ့တိုက်စစ်မှူးတွေ တစ်နေရာတည်းအတွက်ရှိနေတာက ဖိအားအရမ်းများတယ်။ ကျွန်တော်က ရွန်နီနဲ့ မာရှယ့်ကို ယုံကြည်ချက်ပေးဖို့ ကြိုးစားခဲ့တယ်။ အဲဒါကို မပြောင်းလဲနိုင်တော့ဘူး။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူးလေ။ ပြိုင်ဆိုင်မှုတွေကို ကျွန်တော်မယုံကြည်ဘူး။ ယုံကြည်စိတ်ကိုပဲ ယုံကြည်တယ်။ မှားရင်မှားနိုင်ပေမယ့် နည်းပြဘ၀တစ်လျှောက်လုံး အဲဒီလိုပဲ ကျွန်တော်လုပ်ခဲ့တယ်။ ကစားသမားတွေကို ယုံကြည်ပေးခဲ့တယ်”ဟု ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!