ဗာဒီကို အနားပေးလိုသော်လည်း ယနေ့ပွဲစဉ်တွင်မဟုတ်သေးဟု ရေနီယာရီ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗာဒီနှင့် ရေနီယာရီကို အတူတွေ့ရစဉ်

လက်စတာနည်းပြ ရေနီယာရီက တိုက်စစ်မှူးဗာဒီကို အနားပေးရန်အသင့်ဖြစ်နေပြီဖြစ်သော်လည်း ယနေ့ကစားမည့် ဘုန်းမောက်နှင့်ပွဲတွင် မဟုတ်သေးဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ရေနီယာရီမှာ ယခုရာသီတွင် ဒဏ်ရာနှင့် နားမကျန်းဖြစ်နေမှုများရှိလျက်နှင့် အသင်းအတွက် ၁၅ ဂိုးသွင်းယူပေးထားသည့် ဗာဒီကို အနားပေးရန်ဆန္ဒရှိနေခြင်းဖြစ်သည်။

ဗာဒီမှာ မကြာသေးမီက အဖျားဝေဒနာခံစားခဲ့ရပြီး လက်ကောက်ဝတ်ရိုးကျိုးသည့်ဒဏ်ရာနှင့် ခြေကျင်းဝတ်ဒဏ်ရာပြဿနာများကို ယခုရာသီတွင် ကြုံတွေ့ခဲ့ရသည်။

ရေနီယာရီက”သူ့အတွက် အချိန်တန်ပြီဆိုရင် အနားပေးဖို့အသင့်ဖြစ်နေပါပြီ။ လောလောဆယ်တော့ သူက နားဖို့မလိုအပ်သေးပါဘူး။ လတ်တလောအရေးကြီးတာက သူ့ကို ဆက်ကစားခွင့်ပေးဖို့ပါပဲ။ ဗာဒီက ပြဿနာနည်းနည်းရှိနေတာ ၁လ ၂ လ ရှိပါပြီ။ နေ့တိုင်းလည်း လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။ ဟိုတစ်လောက ဖျားခဲ့ပြီး ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိပါဘူး”ဟု ဆိုသည်။

ထို့အပြင် ရေနီယာရီက ပရီးမီးယားလိဂ်ဖလားအတွက် အပြိုင်အဆိုင်ဖြစ်နေသည့် ပြိုင်ဘက်အသင်းကြီးများဖြစ်သော အာဆင်နယ်နှင့် မန်စီးတီးတို့ကို ပြိုင်ပွဲစုံတွင် နောက်အဆင့်များသို့တက်ရောက်စေလိုပြီး ထိုကလပ်များ ပွဲဆက်များခြင်းကို အသုံးချကာ ကက်ပီတယ်လ်ဝမ်းဖလားနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသာ ကစားရမည့် မိမိတို့အသင်းက အသာစီးရယူနိုင်ရန် မျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။

comments

error: Content is protected !!