ချဲလ်ဆီးမအောင်မြင်မှုအတွက် ဖာဘရီဂတ်စ်ကိုကွက်၍ အပြစ်မတင်သင့်ဟု ဟစ်ဒင့်ကာကွယ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုရာသီတွင် ဝေဖန်မှုများစွာခံနေရသည့် ဖာဘရီဂတ်စ်

ချဲလ်ဆီးယာယီနည်းပြ ဟစ်ဒင့်က ယခုရာသီချဲလ်ဆီးမအောင်မြင်မှုအတွက် အပြင်းအထန်ဝေဖန်ခံနေရသည့် ဖာဘရီဂတ်စ်ဘက်မှ ခုခံပြောကြားလိုက်သည်။

ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံပြီးနောက်ပိုင်း အသင်းခြေစွမ်းကျဆင်းမှုအတွက် ဖာဘရီဂတ်စ်တစ်ဦးတည်းကိုသာ အပြစ်တင်နေခြင်းမှာ မှားယွင်းသည်ဟု ဟစ်ဒင့်က ဖွင့်ဟခဲ့သည်။

“ဒီရာသီမအောင်မြင်မှုနဲ့ပတ်သက်ပြီး ဖာဘရီဂတ်စ်အပေါ်ပဲ အာရုံကျလွန်းနေကြတယ်လို့ ထင်ပါတယ်။ တစ်သင်းလုံး ခြေစွမ်းကျခဲ့တာပါ။ ကစားသမားတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ ပေးလိုက်ရတဲ့ဂိုးတွေကို ပြန်ကြည့်ရင်လည်း ခံစစ်သမားတွေပဲ မကောင်းလို့မဟုတ်ပါဘူး။ တစ်သင်းလုံး ခံစစ်၊ တိုက်စစ်ညံ့လို့ ပေးရတာပါ။ ကစားသမားတစ်ယောက်တည်းကိုပဲ အပြစ်ပုံချတာမျိုး ကျွန်တော်မဖြစ်စေချင်ဘူး”ဟု ဟစ်ဒင့်က ခုခံပြောကြားခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!