ဝက်ဖို့ဒ်နှင့်ပွဲတွင် မိနစ် ၉၀ ပြည့်ပါဝင်ကစားရန် အဂူရို အသင့်ဖြစ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုရာသီတွင် ဒဏ်ရာများနှင့်ရုန်းကန်နေရသည့် အဂူရို

မန်စီးတီးတိုက်စစ်မှူး အဂူရိုမှာ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၀က်ဖို့ဒ်နှင့်ပွဲတွင် မန်စီးတီးအတွက် ပွဲချိန်ပြည့်ပါဝင်ကစားဖွယ်ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့်ပရီးမီယားလိဂ်ရာသီ ဂိုးသွင်းဘုရင်အဂူရိုမှာ ယခုရာသီတွင် ခြေကျင်းဝတ်နှင့် ဖနောင့်ဒဏ်ရာများကြောင့်အနားယူခဲ့ရပြီး နည်းပြဖြစ်သူ ပယ်လီဂရီနီက ၎င်းပြန်လည်သက်သာလာချိန်တွင် အသင်းလူစာရင်းတွင် အချိန်အနည်းငယ်သာထည့်သွင်းကစားစေခဲ့သည်။

အဂူရိုမှာ မန်စီးတီးနှင့် အာဆင်နယ်၊ လက်စတာတို့ကစားခဲ့သည့် အဝေးကွင်းပွဲများတွင် ၁ နာရီခန့်သာ ပါဝင်ကစားခဲ့ရပြီး ဆန်းဒါးလန်းနှင့်အိမ်ကွင်းပွဲတွင် အပြည့်အ၀အနားပေးခံခဲ့ရသည်။

သို့သော် အမှတ်ပေးဇယား အဆင့် ၃ နေရာရောက်နေပြီး အဝေးကွင်းပွဲစဉ် ၆ ပွဲတွင် ၃ မှတ်သာရယူထားနိုင်သည့်အတွက် နည်းပြပယ်လီဂရီနီက ၎င်း၏အဓိကတိုက်စစ်မှူးကို ပွဲချိန်ပြည့်ပြန်လည်အသုံးပြုတော့မည်ဟု ဆိုသည်။

“အဂူရိုက ဒဏ်ရာသက်သာလာပြီးတိုင်း ပုံမှန်ခြေပြန်ရဖို့ ၃-၄ ပွဲလောက် အရှိန်ယူရတာကို ကျွန်တော်တို့သိတယ်။ အဲဒါကြောင့် သူ့ကို ပွဲချိန်ပြည့် မကစားခိုင်းခဲ့တာပါ။ ဒါပေမဲ့ ဒုတိယရာသီဝက်မှာတော့ ဒဏ်ရာကင်းတဲ့အဂူရိုရဲ့ ခြေစွမ်းအစစ်ကို ပွဲချိန်ပြည့်မြင်ရပါမယ်”ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

comments

error: Content is protected !!