မန်ယူ၏ကံကြမ္မာကို ပြောင်းလဲနိုင်မည့် မှော်အစွမ်းမရှိဟု ဗန်ဟားလ်ထုတ်ဖော်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဗန်ဟားလ်

မန်ယူနည်းပြဗန်ဟားလ်က အသင်းကံကြမ္မာကိုပြောင်းလဲပေးနိုင်မည့် မှော်အစွမ်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ချန်ပီယံလိဂ်မှထွက်ခွာခဲ့ရပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲအပါအ၀င် ၈ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသည့် မန်ယူမှာ စနေနေ့တွင် ဆွမ်ဆီးနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုအသင်းမှာလည်း ဗန်ဟားလ်တာဝန်ယူပြီးနောက် ၃ ကြိမ်တွေ့ဆုံရာတွင် ၃ ကြိမ်လုံး ရှုံးနိမ့်ထားသည့်အသင်းဖြစ်သည်။

“မှော်အစွမ်းမရှိဘူး။ ဘာဖြစ်ခဲ့လဲ၊ အသင်းလိုက်၊ တစ်ဦးချင်း ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာပဲ တွေးရမယ်။ ဆွမ်ဆီးနဲ့တွေ့တဲ့ ၃ ပွဲလုံး ကျွန်တော်ရှုံးခဲ့တယ်။ ဒီတော့ ဘာကြောင့်ရှုံးရလဲဆိုတာ သုံးသပ်ဖို့လိုတယ်။ အမြဲတမ်းအဲဒီလိုပါပဲ။ ပြီးရင် ပုံမှန်အတိုင်း အလုပ်ဆက်လုပ်ရမယ်။ ပြိုင်ဘက်ကိုအနိုင်ယူဖို့ ကစားကွက်ချရမယ်၊ ကစားသမားတွေကို ပြောပြရမယ်။ ပြီးရင် လေ့ကျင့်ပေးရမယ်၊ ပြီးရင် ကျေနပ်လောက်အောင် လုပ်ရမယ်။ ပြီးရင်တော့ အဲဒီအတိုင်းစိတ်နှစ်ပြီး ကစားခိုင်းဖို့လိုတယ်”ဟု ဗန်ဟားလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဗန်ဟားလ်က မန်ယူအသင်းပရိသတ်များကို ချီးကျူးခဲ့ပြီး မိမိအတွက် ကံဆိုးသည့်အချိန်မှာ မန်ယူတွင်သာ ရင်ဆိုင်ရခြင်းမဟုတ်ကြောင်းနှင့် ထိုအတွေ့အကြုံကို မကြာခဏကြုံတွေ့ပြီးဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒီဇင်ဘာလမှလွဲ၍ ကောင်းမွန်သောနှစ်ဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!