ဂျာမန်လူပျော့ဟု အလာဒိုက်စ်က ကင်ပွန်းတပ်မှုကို ကလော့ပ်ပယ်ချ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကလော့ပ်နှင့် အလာဒိုက်စ်ကို အတူတွေ့ရစဉ်

လီဗာပူးနည်းပြယာဂင်ကလော့ပ်က ၎င်းအား ဆန်းဒါးလန်းနည်းပြ အလာဒိုက်စ်က ဂျာမန်လူပျော့ဟု ကင်ပွန်းတပ်ခဲ့ခြင်းအား ပယ်ချလိုက်သည်။

ဆန်းဒါးလန်းကို လီဗာပူးက ၁-၀ ဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် ဆာခိုအား ပြင်းထန်စွာဖျက်ထုတ်ခဲ့သည့် ဂျာမိန်းလန့်စ်မှာ ထုတ်ပယ်ခံရသင့်သည်ဟု ကလော့ပ်က ပြောကြားခဲ့ခြင်းအတွက် အလာဒိုက်စ်က ထိုကဲ့သို့ ကင်ပွန်းတပ်ခဲ့ခြင်းဖြစ်သည်။

“ကိစ္စမရှိပါဘူး။ ကျွန်တော့်ကို မကောင်းပြောကြတဲ့လူတွေ အများကြီးပဲ။ အခုမှ စကြုံတာမဟုတ်ဘူး။ အခုလိုအခြေအနေကို ထပ်တွေ့ရရင်တော့ ကျွန်တော်မမှားမှန်း ခင်ဗျားတို့ သိသွားလိမ့်မယ်။ ဆာခိုလည်း မသေဘူးဆိုတော့ အားလုံးအဆင်ပြေတယ်။ အဲဒါပဲ ပြောချင်တယ်။ ဆန်းဒါးလန်းမှာတုန်းကတော့ ဘာမှစကားများခဲ့တာ မရှိပါဘူး”ဟု ကလော့ပ်က ပြန်လည်တုံ့ပြန်ခဲ့သည်။

လီဗာပူးနည်းပြအဖွဲ့ဝင်များသည် လန့်စ်၏ဖျက်ထုတ်မှုပြီးနောက် ဆန်းဒါးလန်းနည်းပြအဖွဲ့ဝင်များနှင့် အချင်းများခဲ့သော်လည်း လန့်စ်မှာ အ၀ါကတ်ပြခံရပြီး ဆာခိုမှာလည်း ပွဲပြီးအထိ ဆက်လက်ကစားနိုင်ခဲ့သည်။

comments

error: Content is protected !!