ဘာသာစကားမျိုးစုံဖြင့် အာဆင်နယ်ခံစစ်ကို ထိန်းကျောင်းနေဟု ပီတာချက်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘာသာစကားမျိုးစုံဖြင့် အာဆင်နယ်ခံစစ်ကို ထိန်းကျောင်းနေသည့် ပီတာချက်

အာဆင်နယ်အသင်းမှာ လက်ရှိအချိန်တွင် ၂၀၁၆ ခုနှစ်ကို ပရီးမီးယားလိဂ်ဦးဆောင်သူအဖြစ် စတင်နိုင်ခဲ့ပြီး ထိုကဲ့သို့ရပ်တည်နိုင်မှု၏ အဓိကအချက်မှာ ယခုရာသီခံစစ်လုံခြုံမှုကြောင့်ဖြစ်သည်။

ပြီးခဲ့သည့်နွေရာသီက ချဲလ်ဆီးမှ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် ရောက်ရှိလာခဲ့သော ပီတာချက်မှာ အာဆင်နယ်ခံစစ်တွင် အဓိကကျသူဖြစ်ပြီး ဘုန်းမောက်နှင့်ပွဲစဉ်တွင် ၎င်း၏ပရီးမီးယားလိဂ် ပေးဂိုးမရှိသည့်ပွဲ ၁၇၀ ပြည့်မြောက်ခဲ့သည်။

လက်ရှိရာသီအာဆင်နယ်ခံစစ်လုံခြုံမှုအတွက် သော့ချက်အား ပီတာချက်က ထုတ်ဖော်ပြောကြားခဲ့ရာတွင် ဘာသာစကားများစွာတတ်ကျွမ်းမှုက မိမိအတွက် အခရာကျသည်ဟု ဆိုခဲ့သည်။

“ဟက်တာဘယ်လာရင်နဲ့ နာချိုတို့ကို စပိန်လိုပြောပါတယ်။ ကိုစီရယ်နီကိုတော့ ပြင်သစ်လိုပြောပြီး ကျွန်တော့်လိုပဲ အင်္ဂလိပ်လိုကောင်းကောင်းတတ်တဲ့ မာတီဆက်ကာကိုတော့ အင်္ဂလိပ်လိုပြောပါတယ်။ တစ်ခါတလေကျရင် ပြည်ပကစားသမားတွေက ကိုယ်ဘာပြောချင်မှန်း နားမလည်ကြဘူး။ အဲဒီတော့ သူတို့နားလည်အောင် သူတို့ဘာသာစကားနဲ့ပြောမှဖြစ်မှာလေ။ အဲဒါက ဒီနှစ်အာဆင်နယ်ခံစစ်ကောင်းမွန်မှုရဲ့အဓိကအချက်ပါပဲ”ဟု ပီတာချက်က ပြောကြားခဲ့သည်။

comments

error: Content is protected !!