တံကောက်ကြောဒဏ်ရာကြောင့် အိုရီဂီ ၃ ပတ်အထိ နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်စတာနှင့်ပွဲတွင် ဒဏ်ရာရခဲ့သည့် အိုရီဂီ

လီဗာပူးတိုက်စစ်မှူး အိုရီဂီမှာ တံကောက်ကြောဒဏ်ရာကြောင့် ၃ ပတ်အထိ အနားယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

အသက် ၂၂ နှစ်အရွယ် အဆိုပါဘယ်လ်ဂျီယံတိုက်စစ်မှူးမှာ ထိုဒဏ်ရာကြောင့် စနေနေ့ ၀က်စ်ဟမ်းနှင့်ပွဲစဉ်ကို လွဲချော်မည့်အပြင် စတုတ်စီးတီး၊ အိတ်စ်တာစီးတီးတို့နှင့် ဖလားပွဲစဉ်များကိုလည်း လွဲချော်မည်ဖြစ်သည်။

ထို့အပြင် အိုရီဂီမှာ အာဆင်နယ်၊ မန်ယူတို့နှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကိုလည်း လွဲချော်ဖွယ်ရှိနေသည့်အတွက် စတာရစ်ခ်ျလေ့ကျင့်ခန်းပြန်ဆင်းနိုင်သော်လည်း ဒန်နီအင့်စ်မှာ ရာသီကုန်အထိ နားရမည်ဖြစ်၍ ဘန်တီကီတစ်ဦးသာ ကြံ့ခိုင်မှုပြည့်ဝသည့် လီဗာပူးတိုက်စစ်အတွက် အခက်အခဲဖြစ်လာနိုင်သည်။

comments

error: Content is protected !!