အာဆင်နယ်အသင်းသို့ ဘေဆယ်မှ အဲလ်နီနီ ပေါင် ၇.၃သန်းဖြင့် အပြီးသတ်မပြောင်းရွှေ့မီ ဆေးစစ်မှုအောင်မြင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebelnny
အဲလ်နီနီသည်အာဆင်နယ်အသင်းနှင့်အပြီးသတ်စာချုပ်နိုင်ရန် အလုပ်လုပ်ခွင့်အခြေအနေကိုစောင့်ဆိုင်းရဦးမည်ဖြစ်သည်။

ဘေဆယ်ကွင်းလယ်ကစားသမားအဲလ်နီနီသည် အာဆင်နယ်အသင်းသို့ ပေါင်၇.၃သန်းဖြင့် ပြောင်းရွှေ့ရန်သဘောတူညီမှုရပြီးနောက် ဆေးစစ်ခဲ့ရာအောင်မြင်ခဲ့ကာ အဆိုပါအင်္ဂလန်ထိပ်တန်းကလပ်သို့ အပြီးသတ်ပြောင်းရွှေ့ရန် အလုပ်လုပ်ခွင့်ပါမစ်သာကျန်တော့ကြောင်းသိရသည်။

အသက်၂၃နှစ်အရွယ်အီဂျစ်လက်ရွေးစင်ကစားသမားအဲလ်နီနီသည် ၂၀၁၃ခုနှစ်က ဆွစ်ဇာလန်ကလပ်သို့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးလက်ရှိအချိန်တွင် အာဆင်နယ်အသင်းမှ ဒဏ်ရာရနေသည့် ကိုကွီလင်နှင့် ကာဇော်လာနေရာကိုအစားထိုးနိုင်ရန် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဲလ်နီနီမှာ အာဆင်နယ်သို့ ပြောင်းရွှေ့ရန် အဟန့်အတားဖြစ်နေသည်မှာ အင်္ဂလန်တွင် အလုပ်လုပ်ခွင့်ပြဿနာဖြစ်ပြီး ယမန်နှစ်ဘောလုံးရာသီမှစတင်ကာအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တွင် ချမှတ်ခဲ့သည့် ဥရောပစီးပွားရေးဇုန်ပြင်ပ ဘောလုံးသမား ကိုယ်စားပြုသည့်နိုင်ငံသည် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်၅၀အတွင်းနှင့် လွန်ခဲ့သည့်၂၄လအတွင်း လက်ရွေးစင်အသင်းအတွက် အနည်းဆုံးကစားခွင့်မည်မျှရရှိထားရမည့်ဆိုသည့် နည်းဥပဒေနှင့်ညိစွန်းနေခြင်းဖြစ်သည်။အီဂျစ်အသင်းသည် ယခင် အာဖရိကဖလားပြိုင်ပွဲ၃ခုအားပြိုင်ဆိုင်ခွင့်ဆုံးရှုံးပြီးနောက်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်သတ်မှတ်ချက် ၅၀ပြင်ပကိုရောက်ရှိသွားခဲ့သည်။

သို့ရာတွင်မူ နိုင်ငံအသင်းအတွက် ကစားပေးမှုတွင် အဲလ်နီနီမှာ လွန်ခဲ့သည့်၂၄ကို ပွဲတိုင်းဝင်ရောက်ကစားပေးထားခြင်းဖြစ်ရာ အာဆင်နယ်မှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြင်ပနိုင်ငံကစားသမားသတ်မှတ်ချက်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သို့ အယူခံဝင်သွားဖွယ်ရှိသည်။

အဲလ်နီနီအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အာဆင်နယ်နည်းပြ၀င်းဂါးက”အခုချိန်မှာ သူ့အပြောင်းအရွှေ့အတွက် မကြေညာနိုင်သေးတာ စိတ်မကောင်းစရာပါ။ အခုထိ အဆုံးသတ်နိုင်ခြင်းမရှိသေးပါဘူး”ဟုပြောခဲ့သည်။

ယခုနှစ်ဘောလုံးရာသီတွင် ဘေဆယ်အသင်းတွင် အဲလ်နီနီသည် အမှတ်ပေးပွဲ၁၆ဂိုးသွင်းထားနိုင်ကြောင်းသိရသည်။

Photo: အဲလ်နီနီသည်အာဆင်နယ်အသင်းနှင့်အပြီးသတ်စာချုပ်နိုင်ရန် အလုပ်လုပ်ခွင့်အခြေအနေကိုစောင့်ဆိုင်းရဦးမည်ဖြစ်သည်။(Getty Images)

comments

error: Content is protected !!