လိုက်ဘေးရီးယား လက်ရွေးစင် ကစားသမား ၃ဦး ချင်းယူနိုက်တက် ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
လိုက်ဘေးရီးယား လက်ရွေးစင်ကွင်းလယ်လူ ဆာကိ
လိုက်ဘေးရီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာကိ

ဇန်နဝါရီ ၁။ (အောင်သော်ဖြိုး)

ဇန်နဝါရီလ ၉ရက်နေ့တွင် စတင်တော့မည့် မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ပြိုင်ပွဲအတွက် ရာသီကြို အပြောင်းအရွေ့ ကာလအတွင်း နိုင်ငံခြားသား ကစားသမား ခေါ်ယူမှု အဖြစ် လိုက်ဘေးရီးယား လက်ရွေးစင်အဆင့် ကစားသမား ၃ဦးကို ခေါ်ယူခဲ့သည် ဟု ချင်းယူနိုက်တက် ဒုတိယ ဥက္ကဌ ဦးဒိုခန့်ခုပ် က ဆိုသည်။

ချင်းယူနိုက်တက် မှ ခေါ်ယူခဲ့သည့် လိုက်ဘေးရီးယားနောက်ခံလူ ဂျော့ သည် လိုက်ဘေးရီးယား Mighty Blue Angels ၊ Wapanda အသင်းတို့တွင်း ကစားခဲ့ဖူးပြီး လိုက်ဘေးရီးယား လက်ရွေးစင်အသင်းအတွက် ၂ဝဝ၆ မှ ၂ဝဝ၈ ခုနှစ် အထိ ကစားခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။

ချင်းယူနိုက်တက်အသင်းသည် အင်ဒိုးနီးရှား ကလပ် ဘာရီတို အသင်းတွင် ၃၂ပွဲ ကစား၊ ၁၈ဂိုး၊ အင်ဒိုကလပ် ဘမ်ကာ အသင်းတွင် ၂၄ပွဲကစား ၃ဂိုး၊ လိုက်ဘေးရီးယား လက်ရွေးစင်အသင်းတွင် ၆ပွဲကစားခဲ့ဖူးသည့် ကွင်းလယ်လူ ဆာကိ ကိုလည်းခေါ်ယူခဲ့သည်။

ချင်းယူနိုက်တက်က ခေါ်ယူခဲ့သည့် လိုက်ဘေးရီးယား ယူ-၂ဝ၊ ယူ-၂၃၊ နှင့် လက်ရွေးစင်အသင်းတို့တွင် ကစားခဲ့ဖူးသည့် တိုက်စစ်မှူး မောရစ် သည် လိုက်ဘေးရီးယား ကလပ် လစ်စာ အသင်းတွင် ၁၈ပွဲကစားပြီး ၁၁ဂိုးသွင်းယူခဲ့ကာ၊ LPRC Oilers အသင်းတွင် ၃၂ပွဲကစား ၁၉ ဂိုးသွင်းထားသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။

ချင်းယူနိုက်တက်အသင်းသည် ၂၀၁၅ ခုနှစ် ဘောလုံးရာသီက အသုံးပြုခဲ့သည့် မက်သရူး၊ ကလစ်ဖို့စ် စသည့် ကစားသမား ကို စာချုပ်ချုပ် ဆိုခြင်းမပြုခဲ့ဘဲ အသင်းရှိ ဝေဠု ၊ ဝေဖြိုး ၊ ဖြိုးဝေယံ၊ ခွန်ဇေယျာထွန်း၊ ရဝေဇင်၊ စိုးသီဟအောင် တို့ကို အသင်းမှ ထွက်ခွာခွင့်ပြုခဲ့သည်။

comments

error: Content is protected !!