အပြောင်းအရွှေ့အတွက် အလုပ်များနေပြီဟု အာစင်ဝင်းဂါးဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အပြောင်းအရွှေ့ကာလအတွက် အလုပ်များနေပြီဟုဆိုလိုက်သည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းလူအင်အားပိုမိုတောင့်တင်းလိုသည့်အတွက် ဇန်န၀ါရီအပြောင်းအရွှေ့ကာလအတွက် အလုပ်များနေပြီဟု ထုတ်ဖော်ပြောကြားလိုက်သည်။

အပြောင်းအရွှေ့လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလေ့မရှိသည့် အာစင်ဝင်းဂါးသည် လာမည့်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ်ယူနိုင်ရေးအတွက် အလုပ်များနေပြီဖြစ်ကြောင်း ယမန်နေ့က အတည်ပြုခဲ့သည်။

“ကျွန်တော် အလုပ်ရှုပ်နေပါတယ်။ အလုပ်ရှုပ်နေခဲ့တာပါ။ အဲဒါကို လွန်ခဲ့တဲ့ ၁ လ ကတည်းက ပြောပြီးသားပါ။ ကျွန်တော်တို့အသင်း စစ်မျက်နှာဖွင့်ထားတဲ့ ပြိုင်ပွဲတွေအတွက် လူအင်အားလျော့နည်းနေလို့ ထပ်ဖြည့်ပါမယ်။ အထူးသဖြင့် ကွင်းလယ်ကိုပါ။ ကျွန်တော်တို့ အလုပ်ရှုပ်ပါလိမ့်မယ်”ဟု အာစင်ဝင်းဂါးက ၀န်ခံခဲ့သည်။

လက်ရှိအချိန်တွင် အာဆင်နယ်မှာ ဘေဆယ်ကွင်းလယ်လူ အယ်လ်နီနီကို ခေါ်ယူရန်ဆက်သွယ်နေသော်လည်း အာစင်ဝင်းဂါးက ထိုကြိုးစားမှုနှင့်ပတ်သက်ပြီး”ခင်ဗျားတို့က ကျွန်တော့်ထက်တောင် ပိုသိနေတာပဲ။ ကံဆိုးတာကတော့ ဒီအပြောင်းအရွှေ့အတွက် ဘာမှအပြီးမသတ်ရသေးလို့ ထုတ်မပြောနိုင်သေးပါဘူး”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!